Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက် ခံကာလ တိုးမြှင့်ခြင်း (တစ်ဦးချင်း)


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား ၄.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိ လက်ခံခဲ့ပြီးဖြစ်ပါသည်။
စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချထားနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဦးချင်းအလိုက် လျှောက်ထားမှု များအတွက် လျှောက်ထားခြင်းကာလအား အောက်ပါအတိုင်းတိုးမြှင့် သက်မှတ်လက်ခံ သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တိုးမြှင့်လက်ခံသွားမည့်ရက်နှင့် အချိန်
နေ့ရက် - ၂၁.၈.၂၀၂၅ (ကြာသပတေးနေ့)၊ ၂၂.၈.၂၀၂၅ (သောကြာနေ့)
အချိန်   - မနက် ၉နာရီမှ နေ့လည် ၃နာရီအထိ
လျှောက်ထားရန် Website Link - https://jlpt-maja.org.mm/

လျှောက်ထားနည်းလမ်းညွှန် Manual Link
https://cdn-prod-static-assets.sgp1.cdn.digitaloceanspace...

ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/.../1OH1eOR80w9i2ZZ0f7ta.../view...

မှတ်ချက် ။ ။ တိုးမြှင့်နိုင်သော စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ ထပ်မံလက်ခံနိုင်မည် ဖြစ်ပါသောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာ လက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

စုံစမ်းရန် 01- 757 10 15 (ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2025-08-18
(1) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလJLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍ (2) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူး သတိပြုရန်
visitors :      231,492