၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ရက်နေ့ ( တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။
Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html
(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)
Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Online Result များအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှု နိုင်ပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာမေးပွဲလျှောက်လွှာများမှာ စာမေးပွဲကျင်းပရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအရ သတ်မှတ်ထားသည့်ရက်အတွင်း လျှောက်လွှာများကို အချိန်မှီပေးပို့ရမည် ဖြစ်ပါသဖြင့် ဇူလိုင်လ စာမေးပွဲရလဒ်များမထွက်ရှိခင် အချိန်တွင် လျှောက်လွှာလက်ခံရခြင်းဖြစ်သည်ကို နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန်
01-757 10 15 (Ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း