Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ကြေငြာခြင်း


၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် Level အားလုံး၏ လျှောက်ထားမှုများအား ဒုတိယအကြိမ် အဖြစ် တိုးမြှင့်လက်ခံလျှက်ရှိရာ ယနေ့ ၂၁.၈.၂၀၂၅ ရက်နေ့ (၁၃:၂၀)နာရီ အချိန်တွင် (Yangon N1, N2, N5) နှင့် (Mandalay N1, N2, N5) Level များအတွက် ရောင်းချရန် ခုံအရေအ တွက် မကျန်ရှိတော့ပါသဖြင့်၊ အဆိုပါ Level များအတွက် Online Application မှ လျှောက်လွှာတိုးမြှင့် လက်ခံမှုအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ 

ကျန်ရှိနေသေးသော (Yangon N3, N4) နှင့် (Mandalay N3, N4) Level များအတွက်ကို  ဆက်လက်၍ လျှောက်လွှာလက်ခံသွားမည် ဖြစ်ပါသည်။ N3, N4 Level များတွင်လည်း ခုံအရေအတွက် ကုန်ဆုံးပါက လျှောက်လွှာလက်ခံခြင်း ပြီးဆုံးမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေကော်မတီ
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-08-21
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,367