Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲဖြေဆိုမည့်စာဖြေသူများ လက်ဆောင်ဖိုင်အိတ် ထုတ်ယူနိုင်မည့် အစီအစဉ်


JLPT စာမေးပွဲတွင် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များ မယူဆောင်လာရန် စည်းကမ်းသတ်မှတ်ထားပါသည်။ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲနေ့တွင် အသုံးပြုနိုင်ရန် JLPT နှင့် MAJA Logo ပါရှိသည့် လက်ဆောင်ဖိုင်အိတ် များအား နိုဝင်ဘာလကုန်နောက်ဆုံးထား၍ အခမဲ့လက်ဆောင်အဖြစ် ပေးဝေသွားရန် စီစဥ်ထားပါသည်။

အဆိုပါလက်ဆောင်ဖိုင်အိတ်များအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲဖြေဆိုမည့်စာဖြေသူများအတွက်သာ ဦးစားပေး ထုတ်ပေးသွားမည်ဖြစ်ပြီး၊ လာရောက်ထုတ်ယူချိန်တွင် စာမေးပွဲကြေးပေးချေထားသော ငွေလက်ခံဖြတ်ပိုင်း (သို့မဟုတ်) စာဖြေသူ၏မှတ်ပုံတင်မိတ္တူနှင့် အတူကိုယ်တိုင်/ကိုယ်စား စနစ်ဖြင့် ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင် လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ    - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
             အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန်    - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၆.၁၀.၂၀၂၅ မှ ၂၈.၁၁.၂၀၂၅ ရက်နေ့အထိ (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ    - JLPT Centre
  အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန်    - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

(မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ    - မန္တလေးပညာရေးဒီဂရီ ကောလိပ်
၆၆ လမ်း၊ ၃၃ လမ်းနှင့် ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အချိန်    - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၆.၁၀.၂၀၂၅ မှ ၂၈.၁၁.၂၀၂၅ ရက်နေ့အထိ (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ    - MAJA Office (Mandalay Branch) (ယာယီလိပ်စာ)
၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း။
အချိန်    - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

Manual လျှောက်ထားသောစာဖြေသူများအနေဖြင့် Manual Test Voucher ထုတ်ယူနိုင်မည့် ကာလကြေငြာချိန်တွင် တပါတည်း ထုတ်ယူနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 

 2025-10-02
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,424