Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Manual Test Voucher) ထုတ်ယူရန် ကြေငြာခြင်း


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Manual Test Voucher) များအား အောက်ပါအတိုင်းထုတ်ယူနိုင်မည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် လျှောက်ထားသူများ
လျှောက်လွှာတင်စဉ်က မိမိလက်ခံရရှိခဲ့သည့် ဘောက်ချာနှင့်တကွ အောက်ပါရက်များအတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။

ရန်ကုန်စာဖြေဌာန
နေ့ရက်  - ၅.၁၁.၂၀၂၅ (ဗုဒ္ဓဟူးနေ့) မှ ၇.၁၁.၂၀၂၅ (သောကြာနေ့)
အချိန် - နံနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီ အထိ
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးစာဖြေဌာန
နေ့ရက်  - ၅.၁၁.၂၀၂၅ (ဗုဒ္ဓဟူးနေ့) မှ ၇.၁၁.၂၀၂၅ (သောကြာနေ့)
အချိန်  - နံနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီ အထိ
နေရာ  - ၆၈ လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး။  (Mandalay Swan Hotel အပြင်ဘက်ဘေးဘက်ခြမ်း)

သင်တန်းကျောင်းအလိုက်ထုတ်ယူခြင်း
မိမိသင်တန်းကျောင်းအမည်အလိုက် ဖော်ပြပါဇယားတွင် သတ်မှတ်ထားသော နေ့ရက်နှင့် အချိန်အတိုင်း လျှောက်လွှာတင်စဉ်က မိမိလက်ခံရရှိခဲ့သည့် ဘောက်ချာနှင့်တကွ အတိအကျ လာရောက်ပေးရန် လိုအပ်ပါသည်။

ရန်ကုန်စာဖြေဌာန
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးစာဖြေဌာန
နေရာ  - ၆၈ လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး။  (Mandalay Swan Hotel အပြင်ဘက်ဘေးဘက်ခြမ်း)

စာမေးပွဲဖြေဆိုခွင့်ကတ် (Manual Test Voucher) ထုတ်ယူသူများ အထူးစစ်ဆေးရန်
၁။ ဖြေကြားလိုသည့် level (N1, N2, N3, N4, N5) မှန်ကန်ရမည်။
၂။ ဖြေကြားလိုသည့် level နှင့် ခုံနံပါတ် တူညီမှန်ကန်ရမည်။
၃။ ဖြေဆိုမည့်သူ၏ အမည်နှင့် မွေးသက္ကရာဇ် မှန်ကန်ရမည်။
၄။ သွားရောက်ဖြေကြားမည့် Test Site ပါရှိရမည်။
၅။ Level အလိုက်ဖြေဆိုရမည့် အချိန်မှန်ကန်ကြောင်းစစ်ဆေးပါ။ (N1, N2 Level-8 AM / N3,N4,N5 Level-10 AM)

စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Manual Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲ ဖြေဆိုခွင့် မပြုပါ။”

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်ရုံး- ၀၁-၇၅၇ ၁၀ ၁၅ နှင့် မန္တလေးရုံး - ၀၉-၂၅၅ ၁၆၂ ၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း



 2025-10-28
(1) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလJLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍ (2) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူး သတိပြုရန်
visitors :      231,492