၂၀၂၀ခုနှစ် ဇူလိုင်လ၅ရက်နေ့ ရန်ကုန်မြို့၊မန္တလေးမြို့နှင့်ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်း စစ်စာမေးပွဲ အစီအစဉ်ကြေငြာခြင်း။
ဇူလိုင်လ၅ရက်နေ့ရန်ကုန်မြို့၊မန္တလေးမြို့နှင့်ပဲခူးမြို့တို့တွင်ကျင်းပပြုလုပ်မည့်ဂျပန်ဘာသာအရည်အချင်း စစ်စာမေးပွဲအတွက်လျှောက်လွှာများကိုအောက်ပါအစီအစဉ်အတိုင်းလက်ခံသွားပါမည်။
၁။စာမေးပွဲကျင်းပမည့်ရက်
၂၀၂၀ခုနှစ်၊ဇူလိုင်လ (၅) ရက် (တနင်္ဂနွေနေ့)
၂။စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့၊မန္တလေးမြို့၊ပဲခူးမြို့။
၃။လျှောက်လွှာအရောင်းကာလ (ရန်ကုန် - ၁၊ ရန်ကုန် - ၂)
၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ*** လျှောက်လွှာကုန်သည်အထိ***
လျှောက်လွှာလက်ခံကာလ (ရန်ကုန် - ၁)
Level N5 - ၂၃.၂.၂၀၂၀ (တနင်္ဂနွေနေ့) မှ၂၅.၂.၂၀၂၀ (အင်္ဂါနေ့)
Level N4 - ၂၆.၂.၂၀၂၀(ဗုဒ္ဓဟူးနေ့)မှ၂၈.၂.၂၀၂၀ (သောကြာနေ့)
Level N1, N2, N3 - ၂၉.၂.၂၀၂၀ (စနေနေ့) မှ၉.၃.၂၀၂၀ (တနင်္လာနေ့)
လျှောက်လွှာလက်ခံကာလ (ရန်ကုန် - ၂)
Level N4, N5 - ၂၉.၂.၂၀၂၀ (စနေနေ့ )မှ၃.၃.၂၀၂၀ (အင်္ဂါနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား)ထုတ်ပေးမည့်ကာလ (ရန်ကုန် - ၁၊ရန်ကုန် - ၂)
၂၀.၃.၂၀၂၀(သောကြာနေ့)မှ၃.၄.၂၀၂၀ (သောကြာနေ့)
အချိန် - မနက်၉း၃၀နာရီမှညနေ၄း၀၀နာရီအထိ
နေရာ - MAJA Education Centre
အမှတ်၆၆/A၊သူရလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။(ပုဏ္ဏမီမှတ်တိုင်)
ဖုန်း - 09 962751373, 09-428613848
၄။လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ*** လျှောက်လွှာကုန်သည်အထိ ***
လျှောက်လွှာလက်ခံကာလ(မန္တလေး)
၁.၃.၂၀၂၀(တနင်္ဂနွေနေ့) မှ၆.၃.၂၀၂၀ (သောကြာနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (မန္တလေး)
၇.၃.၂၀၂၀ (စနေနေ့) မှ၂၀.၃.၂၀၂၀ (သောကြာနေ့)
အချိန် - မနက်၉း၃၀နာရီမှညနေ၄း၀၀နာရီအထိ(နေ့လည်၁၂နာရီမှ၁နာရီအထိထမင်းစားနားပါမည်။)
နေရာ - MAJA (Mandalay Branch)
ပထမထပ်၊ရေလမ်း၊တိုက်(၁)၊အခန်း(၆)၊မင်္ဂလာမန္တလေး၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
ဖုန်း - 09 255162533
၅။လျှောက်လွှာအရောင်းကာလ ( ပဲခူး )
၃.၃.၂၀၂၀ (အင်္ဂါနေ့) မှ *** လျှောက်လွှာကုန်သည်အထိ ***
လျှောက်လွှာလက်ခံခြင်းနှင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားထုတ်ပေးမည့်ကာလ ( ပဲခူး )
Level N4, N5 - ၄.၃.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ၉.၃.၂၀၂၀ (တနင်္လာနေ့)
အချိန် - မနက်၉း၃၀နာရီမှညနေ၄း၀၀နာရီအထိ(နေ့လည်၁၂နာရီမှ၁နာရီအထိထမင်းစားနားပါမည်။)
နေရာ - ပဲခူးတက္ကသိုလ်
ပဲခူးမြို့။
ဖုန်း - 09 962751373
၅။လျှောက်လွှာကြေး - တစ်စောင် = ၂၀၀၀ကျပ်
၆။စာမေးပွဲကြေး - N1, N2, N3-၄၀၀၀၀ကျပ်
N4, N5 - ၃၀၀၀၀ကျပ်
မှတ်ချက်။ပြီးခဲ့သည့်နှစ်မှစ၍ စာဖြေသူများအဆမတန်များပြားလာသည့်အတွက် စာဖြေဌာနမလုံလောက်ခြင်းကို ဖြေရှင်းနိုင်ရန်နှင့် စာဖြေဌာနများတွင် စာဖြေသူများပိုမိုအဆင်ပြေကောင်းမွန်စွာဖြင့် ဖြေဆိုနိုင်ရန်စီစဉ်မည့်အတွက် ကြောင့် စာမေးပွဲကြေးတိုးမြှင့်ရခြင်းဖြစ်သည်ကို နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
-------------------------------------------------------------------------------------------------------
လျှောက်လွှာလက်ခံမည့်နည်းလမ်း
အထက်ဖော်ပြပါနေရာများတွင်လျှောက်လွှာတစ်စောင် (၂၀၀၀ကျပ်) ဖြင့်ရယူပြီး လိုအပ်သည့်အချက် အလက်များပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင်မိတ္တူ (အမည်နှင့်မွေးသက္ကရာဇ်ကို အင်္ဂလိပ်လိုရေးသားပြီး) နှင့်အတူ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။။ကျောင်းမှတာဝန်ခံ၍မိမိကျောင်းသားများအတွက်စုစည်းပြီးလာရောက်လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/သူများ၏ အမည်၊မွေးသက္ကရာဇ်တို့ကို Level ခွဲခြား၍ စာရင်းပြုစုထားသော စာရွက်နှင့်အတူ မှတ်ပုံတင်မိတ္တူ (အမည်နှင့်မွေးသက္ကရာဇ်ကိုအင်္ဂလိပ်လိုရေးသားပြီး) ပါပူးတွဲတင်ပေးရပါမည်။
- ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက် ဖော်ပြပါသတ်မှတ်ရက်အတွင်းသာ ပြန်လည်ထုတ်ယူရပါမည်။
- ပဲခူးမြို့တွင်လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို လျှောက်လွှာလက်ခံကာလ အတွင်းတစ်ပါတည်းပြန်လည်ထုတ်ယူနိုင်ပါမည်။
အထူးသတိပြုရန်
မှတ်ပုံတင်ပျောက်ဆုံးသူများ၊လက်ဝယ်မရှိသူများအနေဖြင့်အောက်ဖော်ပြပါကဒ်ပြားများဖြင့်လျှောက်ထား နိုင်ပါသည်။ ယင်းကဒ်ပြားများမှလွှဲ၍ ကျန်အခြားမည်သည့်ကဒ်ပြားနှင့်မှ လျှောက်ထား၍မရနိုင်ပါ။
၁။ယဉ်မောင်းလိုင်စင်
၂။နိုင်ငံကူးလက်မှတ်
၃။ကျောင်းသားကဒ် (အစိုးရမူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များလက်မခံပါ။
၄။ကျောင်းသားကဒ် (အစိုးရတက္ကသိုလ်၊ကောလိပ်များ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များလက်မခံပါ။
၅။မွေးစာရင်း (အသက်၁၀နှစ်အောက်လျှောက်ထားမည့်သူများ)
- အသေးစိတ်သိရှိလိုသည်များကို MAJA Facebook Page& Website၊The Japan Foundation Yangon Facebook Pageနှင့်ဂျပန်သံရုံး Website များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/
https://www.ascoja-maja.org.mm/frontend/JLPT
https://www.facebook.com/JFYangon/
https://www.mm.emb-japan.go.jp/
- ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက
ဖုန်း - ၀၉၉၆၂၇၅၁၃၇၃သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)