Myanmar Association of Japan Alumni ( MAJA )

ဒဂုံတက္ကသိုလ် စာဖြေဌာန (N3 Level) ဖြေဆိုကြမည့် ကျောင်းသား/သူများ သတိပြုရန် (DGU,DGU-1, DGU-2, DGU-3, DGU-4, DGU-5, DGU-6, DGU-7)


ဒီဇင်ဘာလ (၇) ရက်နေ့တွင် Dagon University ( ဒဂုံတက္ကသိုလ် ) စာဖြေဌာန၌ JLPT  စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ယာဉ်ကြောပိတ် ဆို့မှုများ လျော့နည်းစေရန် စာဖြေသူများအနေဖြင့် ဘတ်စ်ကားဖြင့်သာ အတက်နိုင်ဆုံး လာရောက်ပေးပါရန်နှင့် ကား(တက္ကစီ၊ အိမ်စီးကား) ဖြင့် လာရောက်မည်ဆိုပါက ပတ္တမြားအဝိုင်းအထိသာ ဝင်ရောက်ခွင့်ရမည် ဖြစ်ပြီး၊ ကျောင်းဝင်းအတွင်းတွင် ယာဉ်ရပ်နားခွင့် မပြုပါသောကြောင့် စာဖြေသူအား ပို့ဆောင်ပြီးပါက ပြန်လည် ထွက်ခွာ ရမည် ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့်သူများအား တော်ဝင်လမ်း မိန်းပေါက်မှသာ ဝင်ခွင့်ပြုပါမည်။

စာဖြေဌာနသို့ ရောက်ရှိရမည့် အချိန်မှာ မနက် ၁၀ နာရီ ဖြစ်ပြီး၊ မနက် ၁၀နာရီ မတိုင်ခင်တွင်လာရောက်ကြပါရန်နှင့် ၈:၃၀နာရီ ထက် လည်း စော၍ လာရောက်ခြင်း မပြုပါရန်  မေတ္တာရပ်ခံအပ်ပါသည်။
 
စာဖြေသူများအနေဖြင့် ကျောပိုးအိတ်များကို ယူဆောင်လာခြင်းမပြုရန် အသိပေးထားပြီးဖြစ်ပြီး၊ အကယ်၍ ယူဆောင်လာသော အိတ်များရှိပါက ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည်ဖြစ်ပြီး စာဖြေဌာနအနေဖြင့် တာဝန်ယူမည် မဟုတ်ပါကြောင်း ထပ်မံသတိပေးအပ်ပါသည်။

စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူများ အဆင်ပြေနိုင်ရန်အတွက် သတ်မှတ်ထားခြင်းဖြစ်ပါသဖြင့်၊ မိဘများနှင့် ကျောင်းသား/သူများ လိုက်နာပေးနိုင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-12-02
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,424