Myanmar Association of Japan Alumni ( MAJA )

ရန်ကုန်တက္ကသိုလ် စာဖြေဌာန (N2 Level) ဖြေဆိုကြမည့် ကျောင်းသား/သူများ သတိပြုရန် (ဥပဒေဌာန , သိပ္ပံဌာန , ပင်လုံဆောင် နှင့် ကွန်ပြူတာသိပ္ပံဆောင် YU-ULB)


ဒီဇင်ဘာလ (၇) ရက်နေ့တွင် (ရန်ကုန်တက္ကသိုလ်) စာဖြေဌာန (N2 Level) အတွက် ဖြေဆိုကြမည့် စာဖြေသူများအနေဖြင့် အဓိပတိလမ်း ဝင်ပေါက် (Main Gate) အားပိတ်ထားမည် ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါဝင်ပေါက်များမှသာ ဝင်ရောက်ရမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

(ကွန်ပြူတာသိပ္ပံဆောင် နှင့် သိပ္ပံဌာန)  စာဖြေဌာန၌ JLPT စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ ဂိတ်အမှတ် (၁၄) မှ ဝင်ရောက်ရမည် ဖြစ်ပါသည်။

(ပင်လုံဆောင် နှင့် ဥပဒေဌာန) စာဖြေဌာန၌ JLPT စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ ဂိတ်အမှတ် (၂) မှ ဝင်ရောက် ရမည် ဖြစ်ပါသည်။

စာဖြေသူများအနေဖြင့် ကျောပိုးအိတ်များကို ယူဆောင်လာခြင်းမပြုရန် အသိပေးထားပြီးဖြစ်ပြီး၊ အကယ်၍ ယူဆောင်လာသော အိတ်များရှိပါက ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည်ဖြစ်ပြီး စာဖြေဌာနအနေဖြင့် တာဝန်ယူမည် မဟုတ်ပါကြောင်း ထပ်မံသတိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-12-02
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,459