Myanmar Association of Japan Alumni ( MAJA )

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) စာဖြေဌာနတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများ သတိပြုရန် (YUOE-1,YUOE-2,YUOE-3,TTCP-1,TTCP-2)


ဒီဇင်ဘာလ (၇) ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) စာဖြေဌာန၌ JLPT  စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကား(တက္ကစီ၊ အိမ်စီးကား) ဖြင့် လာရောက်မည်ဆိုပါက ပူးတွဲမြေပုံပါလမ်းကြောင်းအတိုင်းဝင်ရောက် ရမည်ဖြစ်ပြီး ကျောင်းဝင်းအတွင်းတွင် ယာဉ်ရပ်နားခွင့် မပြုပါသောကြောင့် စာဖြေသူအား ပို့ဆောင်ပြီးပါက ပြန်လည် ထွက်ခွာရမည် ဖြစ်ပါသည်။

စာဖြေသူများအနေဖြင့် ကျောပိုးအိတ်များကို ယူဆောင်လာခြင်းမပြုရန် အသိပေးထားပြီးဖြစ်ပြီး၊ အကယ်၍ ယူဆောင်လာသော အိတ်များရှိပါက ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည်ဖြစ်ပြီး စာဖြေဌာနအနေဖြင့် တာဝန်ယူမည် မဟုတ်ပါကြောင်း ထပ်မံသတိပေးအပ်ပါသည်။

စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူများ အဆင်ပြေနိုင်ရန်အတွက် သတ်မှတ်ထားခြင်းဖြစ်ပါသဖြင့်၊ မိဘများနှင့် ကျောင်းသား/သူများ လိုက်နာပေးနိုင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-12-02
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,424