Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့် ရက် ကြေငြာခြင်း


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှ စတင်၍ ၂၀၂၆ ခုနှစ် မတ်လ၊ ၃၁ရက်‌နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ အထိ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link -  https://www.jlpt-overseas.jp/onlineresults/

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Passcode မေ့လျော့သော စာဖြေသူများအနေဖြင့် အောက်ပါLinkသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://drive.google.com/file/d/18I73H_HLJvjdA1FTyKQdllW1JeiubLUT/view?usp=sharing

ဆက်သွယ်ရန်
01-757 10 15 (Ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2026-01-23
Myanmar-Japan Center(MJC) မှ ပြုလုပ်မည့် Academic Seminar အား တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်း…
visitors :      249,649