၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ နှင့်ပတ်သက်၍ ကြေငြာချက်
၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၅) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
တစ်ဦးချင်းအလိုက်လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး)
(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင်)
၁။ Online လျှောက်လွှာလက်ခံကာလ
Level N1 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N2 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N3 - ၅.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၆.၃.၂၀၂၆ (သောကြာနေ့)၊ ၇.၃.၂၀၂၆ (စနေနေ့)
Level N4 - ၉.၃.၂၀၂၆ (တနင်္လာနေ့)၊ ၁၀.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N5 - ၁၂.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၁၃.၃.၂၀၂၆ (သောကြာနေ့)
၂။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)
သင်တန်းကျောင်းများအလိုက်လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး)
၁၈.၂.၂၀၂၆ (ဗုဒ္ဓဟူးနေ့) မနက် ၉း၀၀နာရီ မှ ၂၇.၂.၂၀၂၆ (သောကြာနေ့) ညနေ ၄း၃၀ နာရီ အတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့်ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရမည့်အသေးစိတ်လမ်းညွှန်ချက်မျာအားထပ်မံကြေငြာသွားပါမည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)
