Myanmar Association of Japan Alumni ( MAJA )

တစ်ဦးချင်းလျှောက်ထားသူများ Registration ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း


၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ကြေငြာချက်လင့် >> https://www.facebook.com/share/p/1AmeiwyQP4/?mibextid=wwXIfrRegistration

လျှောက်ထားခြင်းအား ၂၂.၁၂၀၂၆ ရက် မှစ၍ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် (၃) ရက်မှ (၅) ရက်ခန့် ကြာမြင့်နိုင်သဖြင့် -

•   တစ်ဦးခြင်းအနေဖြင့် လျှောက်ထားမည့်သူများ အားလုံး
•   အသက် (၁၀) နှစ်အောက် ဖြေဆိုသူများ
•    ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များ
     အနေဖြင့် Registration အား အချိန်မီကြိုတင်ပြုလုပ်ထားနိုင်ပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။

မိမိတင်လိုသည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မှီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလမတိုင်မှီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားပါရန် တိုက်တွန်း အပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)

 2026-02-03
တစ်ဦးချင်းလျှောက်ထားသူများ Registration ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း
visitors :      250,113