(အထူးသတိပြုရန်) ၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ ရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍
၂၀၂၆ ခုနှစ် JLPT စာမေးပွဲအတွက် ဂျပန်ဖောင်ဒေးရှင်း ရုံးချုပ်မှ အကြောင်းကြားချက်အရ အောက်ဖော်ပြပါ အချက်များအား ကြိုတင် အသိပေး ကြေငြာအပ်ပါသည်။
• စာဖြေခန်းသို့ရောက်ရှိချိန် (Check-In Time)
၂၀၂၆ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲမှစတင်၍ စာဖြေသူများအားလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် "Check-in Time" အချိန်အား N1, N2 Level စာဖြေသူများအတွက် မနက် (၈း၀၀) နာရီ မှ မနက် (၈:၄၅) အတွင်း၊ N3, N4, N5 Level စာဖြေသူများအတွက် မနက် (၁၀:၀၀) နာရီ မှ မနက် (၁၀:၄၅) အတွင်းဟု သတ်မှတ်ထားပါသည်။
အဆိုပါသတ်မှတ်ချိန်များအား စာဖြေသူများ၏ test voucher နောက်ကြောဘက်တွင် (うけつけじかん Check-in Time) အနေဖြင့်ဖော်ပြထားမည်ဖြစ်ပါသည်။
အဆိုပါ "Check-in Time" ပြီးဆုံးသည့် အချိန်မှ Listening ပိုင်းပြီးဆုံးပြီးသည့်အချိန်သည် စာမေးပွဲဖြေဆိုချိန် အဖြစ်သတ်မှတ်ထားပြီး၊ နားချိန်များအပါအဝင် စာမေးပွဲဖြေဆိုချိန်အတွင်း အီလက်ထရွန်နစ်ကိရိယာများ မည်သည့်အမျိုးအစား ကိုမျှ အသုံးပြုခွင့် မရှိပါ။
မီးလင်းနေသည့် သို့မဟုတ် အသုံးပြုနေသည့် အီလက်ထရွန်နစ်ကိရိယာများ တွေ့ရှိပါက စာမေးပွဲစည်းကမ်း ဖောက်ဖျက်သူ (Misconduct) အဖြစ် သတ်မှတ်ကာ စာမေးပွဲရလဒ် ထွက်ရှိမည် မဟုတ်ပါ။
• နောက်ကျရောက်ရှိမှု စည်းမျဉ်းများ ဖယ်ရှားခြင်း (Elimination of Late Arrival Rules)
နောက်ကျရောက်ရှိခြင်းစည်းမျဉ်းများအရ ယခင်စာမေးပွဲများတွင် စာဖြေဆိုချိန်စတင်ပြီး (၁၀) မိနစ်အတွင်း နောက်ကျ ရောက်ရှိသူများအား (Listening session မပါ) ဝင်ခွင့်ပြုခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်၍ အပိုင်းအားလုံးတွင် ဤစည်းမျဉ်းများကို ဖျက်သိမ်းလိုက်ပါသည်။
စာဖြေသူများသည် ပထမပိုင်းဖြေဆိုချိန်အတွက် အထက်ဖော်ပြပါ "Check-in Time" အတွင်း မရောက်ရှိပါက စာမေးပွဲခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ပါ။ ဒုတိယပိုင်းနှင့် နောက်ပိုင်းဖြေဆိုချိန်များတွင် စာဖြေဆိုချိန်ကျော်လွန်ပြီး နောက်ကျလာသူများကို စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုဘဲ စာမေးပွဲ ဖြေဆိုခွင့် ပေးမည်မဟုတ်ပါ။
• မသမာသူ (Misconduct) နှင့်ပတ်သက်၍
မူလသတ်မှတ်ချက်များအပြင် လျှောက်ထားသူတစ်ဦးသည် ယခင်က ပြင်းထန်သော မသမာမှုများ ဆောင်ရွက်ခဲ့သည် သို့မဟုတ် ဂျပန်ဖောင်ဒေးရှင်း မှ စီစဉ်သော စာမေးပွဲများ (JFT-Basic အပါအဝင်) တွင် ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သည်ဟု သတ်မှတ်ပါက ဂျပန်ဖောင်ဒေးရှင်း သည် JLPT စာမေးပွဲ ဝင်ခွင့်ကို ပယ်ဖျက်နိုင်ကြောင်း စည်ကမ်းတိုးမြှင့် သတ်မှတ်ထားပါသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လစာမေးပွဲအတွက် じゅけんあんない がんしょ (Test Guide) အား သက်ဆိုင်ရာ Application Website များတွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နောက်ပိုင်းမှ စတင်၍ Download ရယူနိုင်ပါသည်။
စည်းကမ်းချက်အသစ်ကြေငြာချက်များအား JLPT Official Website တွင်လည်းလေ့လာနိုင်ပါသည်။
“https://www.jlpt.jp/e/topics/202503141741917146.html”
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

