သင်တန်းကျောင်းများ အတွက် JLPT စာမေးပွဲ လျှောက်ထားခြင်း နှင့် ငွေပေးချေခြင်း လမ်းညွှန်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ အတွက် သင်တန်းကျောင်းအလိုက် လျှောက်ထားခွင့်ရရှိသောကျောင်းများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။
သတိပြုရန် -
• ၂၀၂၅ ခုနှစ်မတိုင်မှီတွင် JLPT Online Application System တွင် Register ပြုလုပ်ထားသော သင်တန်းကျောင်းများသည် မိမိတို့၏ Login ID ဖြင့် ဝင်ရောက်ပြီး၊ Activate ပြုလုပ်ထားရန်လိုအပ်ပါသည်။ Activate status ဖြစ်ပြီးမှသာ လျှောက်လွှာတင်နိုင်မည်ဖြစ်ပါသည်။
• ယခုနှစ်မှ စတင် Register ပြုလုပ်သည့် သင်တန်းကျောင်းအသစ်များသည် မိမိတို့ဖြည့်သွင်းထားသော Email သို့ Login ID နှင့် Registration Status အား ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညနေ (၄:၃၀) နာရီ နောက်ဆုံးထားပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email သို့ ပေးပို့လာသော Login ID ဖြင့် ဝင်ရောက် လျှောက်ထား ရမည် ဖြစ်ပါသည်။
လျှောက်လွှာတင်ရန် Website လိပ်စာ - Edit ပြုလုပ်ပေးသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
၄။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
၁၈.၂.၂၀၂၆ (ဗုဒ္ဓဟူးနေ့) မနက် ၉း၀၀နာရီ မှ ၂၇.၂.၂၀၂၆ (သောကြာနေ့) ညနေ ၄း၃၀ နာရီ အတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့် ဝင်ရောက် လျှောက်ထား နိုင်ပါသည်။
လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/15Y5DNeCe1d/?mibextid=wwXIfr
- လျှောက်ထားသည့် Level, စာဖြေဌာနအတိုင်း ဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါ လျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင် ပေးမည် မဟုတ်ပါ။
- လျှောက်လွှာဖောင်ပါအချက်အလက်များအား ပြန်လည်ပြင်ဆင်ခွင့်မရှိပါသောကြောင့် သေချာမှန်ကန်စွာ ဖြည့်သွင်းပေးရန်။
- လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
* သုည “0” များဖြည့်သွင်းခြင်းမပြုရပါ။
* ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
* စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
* ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။
- သင်တန်းကျောင်းများအနေဖြင့် မိမိတို့ကျောင်းသားများနစ်နာမှုမရှိစေရန် အချက်အလက်များအား မှန်ကန်စွာ ဖြည့်သွင်းပေးရန်။
- စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူ များ၏ တာဝန်သာဖြစ်ပါသည်။
- မိမိတို့၏လျှောက်လွှာဖောင်အခြေအနေနှင့် ငွေပေးချေမှုအခြေအနေများအား Login ID ဖြင့်ဝင်ရောက်စစ်ဆေးနေရန်။
- မိမိတို့ လျှောက်ထားသည့်ဖောင်အရေအတွက်အားလုံး အတည်ပြုခြင်းအဆင့် (Approve Status) ရောက်ရှိပါက ငွေပေးချေခြင်းအဆင့်အား လျှောက်လွှာလက်ခံကာလ အတွင်း ချက်ချင်းလုပ်ဆောင်ပေးရန်။
လျှောက်ထားနည်းလမ်းညွှန်
https://drive.google.com/file/d/1iq4xCN-DMz257N2gO0WnZ9MVUsgAzAzq/view?usp=sharing
ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/file/d/1styh4XEa_aKsVM-qEdj1velJqkdYbSPl/view?usp=sharing
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1
