တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ အတွက် တစ်ဦးချင်းအလိုက် လျှောက်ထားဖြေဆိုမည့် စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
လျှောက်လွှာတင်ရန် Website လိပ်စာ - Edit ပြုလုပ်ပေးသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
၄။ လျှောက်လွှာလက်ခံကာလ
(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင်)
Level N1
- ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N2
- ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N3
- ၅.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၆.၃.၂၀၂၆ (သောကြာနေ့)၊ ၇.၃.၂၀၂၆ (စနေနေ့)
Level N4
- ၉.၃.၂၀၂၆ (တနင်္လာနေ့)၊ ၁၀.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
Level N5
- ၁၂.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၁၃.၃.၂၀၂၆ (သောကြာနေ့)
၅။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)
လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။ Registration (မှတ်ပုံတင်ခြင်း) အတွက် ကြေငြာချက်အား အောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1AmeiwyQP4/?mibextid=wwXIfr
- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။
- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင် အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ် အကြောင်းကြားရန်လိုအပ်ပါမည်။
- လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
* သုည “0” များဖြည့်သွင်းခြင်းမပြုရပါ။
* ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
* စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
* ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။
- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့် ပြုမည်မဟုတ်ပါ။
အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။
တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။
- စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူများ၏တာဝန်သာဖြစ်ပါသည်။
လျှောက်ထားနည်းလမ်းညွှန်
https://drive.google.com/file/d/1hNDVIoSM-ZoNGC5CDiT0QGx3ly9Auvda/view?usp=sharing
ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/file/d/1styh4XEa_aKsVM-qEdj1velJqkdYbSPl/view?usp=sharing
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် 01- 757 10 15 (ext 1)


