အသုံးပြုသူအချက်အလက် ပြန်လည်ပြင်ဆင်ခြင်း (တစ်ဦးချင်း လျှောက်ထားသူများ)
၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အတွက် အသုံးပြုသူအချက်အလက်ပြန်လည်ပြင်ဆင်လိုပါက ၁၄.၃.၂၀၂၆ ရက်မှစ၍ ၂၁.၃.၂၀၂၆ ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ ပြင်ဆင်ခြင်းအား လက်ခံသွားပါမည်။ လျှောက်လွှာအတည်ပြုပြီးပါက လျှောက်ထားသူသည် “အသုံးပြုသူအချက်အလက်” ခလုတ်ကိုနှိပ်၍ အချက် အလက်များ ပြန်လည်ပြင်ဆင်နိုင်ပါသည်။
မူလလျှောက်ထားသူနှင့် မတူကွဲပြားသည့် ပြင်ဆင်မှုများအား လက်ခံပြင်ဆင်ပေးသွားမည်မဟုတ်ပါ။
အချက်အလက်ပြင်ဆင်ရာတွင် အပိုင်း (၂) ပိုင်းခွဲပြီး ပြင်ဆင်ရန် ပြုလုပ်ထားပါသည်။
၁) ဖြေဆိုသူ၏သီးသန့် အချက်အလက်များ ပြင်ဆင်ခြင်း
ဖြေဆိုသူ၏သီးသန့်အချက်အလက်များဖြစ်သည့် ပရိုဖိုင်ပုံ၊ နာမည်အပြည့်အစုံ၊ သက်သေခံကတ်နံပါတ်၊ ကျား/မ၊ မွေးသက္ကရာဇ် နှင့် လက်မှတ် စသည်တို့ကို MAJA သို့ တောင်းဆိုရန်အတွက် “ပြုပြင်ရန် တောင်းဆိုမည်” ခလုတ်ကိုနှိပ်၍ ပြင်ဆင်နိုင်ပါသည်။
ဖြေဆိုသူ၏သီးသန့် အချက်အလက်များ ပြင်ဆင်ရာတွင် (၃)ခုထက်ပို၍ ပြင်ရန် System မှ ခွင့်မပြုပါ။ ပြင်ဆင်လိုသည့် နေရာအား ဘယ်ဘက်တွင် ဖော်ပြထားသည့် နေရာတွင် အမှန်ခြစ်ရွေးချယ်ပြီး ပြင်ဆင်ပါ။ မိမိပြင်ဆင်လိုသည့်အချက်အလက်များ ပြင်ဆင်ပြီးပါက “တောင်းဆိုမည်” ခလုတ်ကိုနှိပ်ပါ။
အောက်ဖော်ပြပါ စာသားဖြင့် ပြင်ဆင်ခွင့်အား စစ်ဆေးနိုင်ပါသည်။
ADMIN_REQUEST: MAJA မှ လျှောက်ထားသူ၏ အချက်အလက်များပြင်ဆင်ရန် လိုအပ်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။
APPROVED: MAJA မှ တောင်းဆိုထားသည့်ပြင်ဆင်ခွင့်အား အဆင်ပြေကြောင်းအတည်ပြုပါသည်။
PENDING: MAJA မှ ပြင်ဆင်ခွင့်အား အတည်မပြုရသေးပါ။ (ပြင်ဆင်ခွင့်တင်ပြီးနောက် ၃ ရက်အတွင်း အတည်မပြုသေးပါက MAJA သို့ဆက်သွယ် အကြောင်းကြားပါ။)
CANCELLED: MAJAမှ လျှောက်ထားသူ၏ ပြင်ဆင်ချက်များလိုအပ်နေပါသဖြင့် ထပ်မံပြင်ဆင်ရန်။
REJECTED: လျှောက်ထားသူ၏ အချက်အလက်များတွင် မမှန်ကန်မှုများ တွေ့ရှိသောကြောင့် MAJA မှ လျှောက်ထားသူအား ပြင်ဆင်ခွင့်မပေးပါ။
၂) မိမိ၏ ဆက်သွယ်ရမည့် အချက်အလက်များ ပြင်ဆင်ခြင်း
ဖြေဆိုသူ၏ အီးမေးလ်၊ လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် စသည်တို့ကို ကိုယ်တိုင်ပြင်ဆင်ပြီးပါက “အစမ်းကြည့်မည်” ခလုတ်ကို နှိပ်၍ အချက်အလက်မှန်ကန်ပါက “သိမ်းမည်” ခလုတ်ကိုနှိပ်၍ သိမ်းဆည်းနိုင်ပါမည်။
ပြင်ဆင်ပြီးသည့်အချက်အလက်များအား ဝင်ရောက်ပြန်လည်စစ်ဆေးနေပေးပါရန်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01-7571015 (ext-1)



