“Request Special Testing Accommodation” နှင့်ပတ်သတ်၍
ရန် အမှန်တကယ်လိုအပ်သူများသည် ၁၄.၃.၂၀၂၆ ရက်မှစ၍ ၂၁.၃.၂၀၂၆ ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ ဖုန်းနံပါတ် (01- 757 10 15) သို့ ဆက်သွယ်စာရင်းပေး ရန် လိုအပ်ပါမည်။
“Request Special Testing Accommodation” သည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ တခြားသော ချို့ယွင်းချက်ရှိပြီး အထူးကုသမှု ခံယူရန်လိုအပ်သူများအတွက်သာ (ဥပမာ- အမြင်/အကြားအာရုံချို့ယွင်းမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု) ဖြစ်ပါသောကြောင့် အမှန်တကယ်တောင်းဆိုရန် လိုအပ်သူများသာ လျှောက်ထားရမည်ဖြစ်ပါသည်။
ဖော်ပြပါသတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက “Request Special Testing Accommodation” အား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် လျှောက်ထားသူများအနေဖြင့် ဆရာဝန်ထောက်ခံချက်စာရွက်၊ ဆေးမှတ်တမ်း၊ ဆေးစစ်ချက်စာရွက်စာတမ်းများ ကိုလည်း တင်ပြပေးရမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01-757 10 15 (ext -1)
