Myanmar Association of Japan Alumni ( MAJA )

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ အချိန်စာရင်းကြေငြာခြင်း


၂၀၂၆ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲမှစတင်၍ စာဖြေသူများအားလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် "Check-in Time" အချိန်အား -

N1, N2 Level စာဖြေသူများအတွက် မနက် (၈း၀၀) နာရီ မှ မနက် (၈:၄၅) အတွင်း၊

N3, N4, N5 Level စာဖြေသူများအတွက် မနက် (၁၀:၀၀) နာရီ မှ မနက် (၁၀:၄၅) အတွင်း
ဟုသတ်မှတ်ထားပါသည်။

အဆိုပါအချိန်အတွင်းမရောက်ရှိပါက ဝင်ရောက်ဖြေဆိုခွင့်မရှိပါ။

စာဖြေဆိုချိန်စတင်ပြီး (၁၀) မိနစ်အတွင်း နောက်ကျ ရောက်ရှိသူများအား (Listening session မပါ) ဝင်ခွင့်ပြုခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်၍ အပိုင်းအားလုံးတွင် ဤစည်းမျဉ်းများကို ဖျက်သိမ်းလိုက် ပါသည်။

စာဖြေသူများသည် ပထမပိုင်းဖြေဆိုချိန်အတွက် အထက်ဖော်ပြပါ "Check-in Time" အတွင်း မရောက်ရှိပါက စာမေးပွဲခန်းအတွင်း ဝင်ခွင့်ပြုမည် မဟုတ်ပါ။

ဒုတိယပိုင်းနှင့် နောက်ပိုင်းဖြေဆိုချိန်များတွင် စာဖြေဆိုချိန် ကျော်လွန်ပြီး နောက်ကျလာသူများကို စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုဘဲ စာမေးပွဲ ဖြေဆိုခွင့် ပေးမည်မဟုတ်ပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


 2026-06-19
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ အချိန်စာရင်းကြေငြာခြင်း
visitors :      280,033