၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူး သတိပြုရန်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာ တင်ထားသူများ အနေဖြင့် သတ်မှတ်ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။
Manual Test Voucher ကတ်ပြားများအား သက်မှတ်ရက်အတွင်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ (မည်သည့်စာဖြေခွင့်ကတ်ပြားမဆို ဖုန်းဖြင့်ပြသခြင်းအား ခွင့်မပြုပါ။)
စာဖြေသူများအားလုံး Test Voucher နောက်ကျောဘက်တွင် ပါရှိသော “Check-in Time” အမှီစာဖြေခန်းသို့ ရောက်ရှိရပါမည်။ အဆိုပါ “Check-in Time” ထက် နောက်ကျပါက ဝင်ရောက်ဖြေဆိုခွင့်မရှိပါ။
“Check-in Time” နှင့်ပတ်သတ်၍ကြေငြာချက်အားအောက်ပါlink တွင်ကြည့်ရှုပါ။
https://www.facebook.com/share/p/1AVrbUx9SK/?mibextid=wwXIfr
၁) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါ သက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေ ယူဆောင်လာရပါမည်။
ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။ Test Voucher နှင့် သက်သေခံကတ်ပြားမူရင်း မပါရှိပါကဖြေဆိုခွင့် မရှိပါ။
(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)
(ခ) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(ဂ) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(ဃ) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)
(င) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)
Manual Test Voucher ပျောက်ဆုံးပျက်စီးခြင်း
လူကိုယ်တိုင်လာရောက်ထုတ်ယူထားသော Manual Test Voucher များ ပျောက်ဆုံး/ပျက်စီးပါက စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စာဖြေဌာနရှိ ရုံးခန်းတွင် ပြန်လည် ထုတ်ယူရမည်ဖြစ်ပါသည်။ (မှတ်ပုံတင်မူရင်းနှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရန်လိုအပ်ပါသည်။)
သက်သေခံကတ်ပြား/ID ပျောက်ဆုံးပျက်စီးခြင်း
မဖြစ်မနေယူဆောင်လာရန်လိုအပ်သော သက်သေခံကတ်ပြား/ID မူရင်း ပျောက်ဆုံးပျက်စီးပါက (၃) လအတွင်း ထုတ်ယူထားသော ရပ်ကွက်/ရဲစခန်း မှ ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်းနှင့် သက်သေခံကတ်ပြား/ID မိတ္တူ(၁)စောင်အား ယူဆောင်လာရန် လိုအပ်ပါသည်။
၂) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် ၊ နေ့ရက်အတိုင်း လာရောက်ဖြေဆိုရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။
၃) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊ ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည်များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။
၄) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝန်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။
၅) စာဖြေသူများအနေဖြင့် မှတ်စုစာရွက်၊ စာအုပ်များ စာဖြေခန်းအတွင်းသို့ ယူဆောင်လာခြင်း၊ ခန္ဓာကိုယ်ပေါ်နှင့် အခြားအသုံးအဆောင်များပေါ်တွင် စာများရေးသား မှတ်သားလာခြင်းများမပြုရပါ။ ထို့အပြင် Test Voucher ပေါ်တွင်လဲ မည်သည့်စာမှ ရေးသားမှတ်သားခွင့် မရှိပါ။ (စာဖြေဆိုစဉ် အကြမ်းရေးသားခြင်းအား မေးခွန်းလွှာ ပေါ်တွင် ရေးသားနိုင်ပါသည်။)
၆) ဂျပန်စာသား/စကားလုံးများ ပါသော အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်/ယူဆောင်လာခြင်း မပြုရပါ။
၇) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာမေးပွဲကျင်းပရေး ကော်မတီ မှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
၈)၂၀၂၅ ခုနှစ် ဇူလိုင်လ စာမေးပွဲမှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ် ကိရိယာများ ယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းပါသည်။
မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက တစ်ဦးလျှင် တစ်မျိုး/ တစ်ခု နှုန်းဖြင့်သာ ယူဆောင်လာပြီး အောက်ပါအတိုင်း လုပ်ဆောင်ပါ။
၁။ နှိုးစက် (Alarm) Setting များအား ဦးစွာပိတ်ပါ။
၂။ ဖုန်းအား စက်ပိတ်ပါ။ (Vibration Mode, Silent Mode, Airplane Mode များ ပြုလုပ်ထားခြင်း အား ခွင့်မပြုပါ။)
၃။ စာဖြေစားပွဲပေါ်ရှိ စာအိတ်အညိုပေါ်တွင် မိမိတို ခုံနံပါတ် နောက်ဆုံးဂဏန်း (၄)လုံးအားရေးပါ။
၄။ စာအိတ်အညိုတွင်းသို့ တယ်လီဖုန်းနှင့် အီလက်ထရွန်းနစ်ကိရိယာများအား ထည့်၍ Test Voucher ပြသကာ ကြီးကြပ်ရေးမှူးထံသို့ အပ်နှံပါ။
၅။ စာဖြေချိန် တစ်ချိန်နှင့်တစ်ချိန်ကြား ယူဆောင်အသုံးပြုခွင့်မရှိပါ။
၆။ စာဖြေချိန်အားလုံးပြီးချိန်တွင် မိမိ၏ Test Voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံမှ ပြန်လည်ထုတ်ယူပါ။
(ယူဆောင်လာသည့် ပစ္စည်း၊ ကိရိယာများ ပျက်စီး/ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ လုံးဝတာဝန်ယူပေးနိုင်မည် မဟုတ်ပါ)
၉) ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
