Myanmar Association of Japan Alumni ( MAJA )

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ (တစ်ဦးချင်း)


၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် Online System မှ လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ အချက်အလက် များ ကြိုတင်ဖြည့်သွင်းခြင်း (Registration) ပြုလုပ်ထားရန် လိုအပ်ပါသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ ၏ လျှောက်ထားမှုများကိုလည်း Online Application ဖြင့်သာ လက်ခံဆောင်ရွက် သွားမည် ဖြစ်ပါသည်။

- ၂၀၂၆ ခုနှစ် ဇူလိုင်လ စာ​မေးပွဲတွင် ​ဖြေဆိုခွင့်ရရှိသူများသည် Registration ပြန်လည် ပြုလုပ်ရန် မလိုအပ်ပါ။ အဆိုပါ ​ကျောင်းသားများသည် မိမိအ​ကောင့်သို့ ပြန်လည် ဝင်၍မရပါက MAJA သို့ ဆက်သွယ် ​မေးမြန်းနိုင်ပါသည်။

- Registration လျှောက်ထားခြင်းအား ၁.၈.၂၀၂၆ ရက်နေ့ မနက် (၉)နာရီ မှ ရက်နေ့ ၇.၈.၂၀၂၆ ရက်နေ့ ညနေ (၄း၃၀)နာရီ အထိ ပိတ်ရက်မရှိ Online System မှ တဆင့် လုပ်ဆောင်နိုင်ပါသည်။

Website Link အား Edit ပြုလုပ် ထည့်သွင်း ပေးသွားပါမည်။

- အီးမေးလ်(Email) လိပ်စာ တခုလျှင် Registration ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည်  ဖြစ်ပါသည်။ (Registration ပြုလုပ်ထားသော Login ID တခုလျှင် လျှောက်လွှာ တစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)

  - အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ်များအားမှန်ကန်စွာဖြည့်သွင်းပါ။ မှားယွင်းဖြည့်သွင်းမိပါက Online Application တင်ပြီးနောက် သတ်မှတ်ထားသည့် အမှားပြင် ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြှင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့် မတူညီသော အမည်‌၊ မွေးသက္ကရာဇ် များသို့ ပြင်ဆင်ခွင့် ပြုမည် မဟုတ်ပါ။

-  Registration ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော Email၊ login စကားဝှက် နှင့် အချက်အလက် တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။
 
Registration လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1sxyJ--MZ4X14idWsWblw8lUJJlk8fb5a/view?usp=drive_link

Registration အချက်အလက် ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင် ဖြည့်သွင်းရပါမည်။ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက် ပါက ကာယကံရှင်တာဝန်သာ ဖြစ်သည်။

Registration အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်

(၁) မှတ်ပုံတင်လျှောက်ထားသူသည် အောက်ဖော်ပြပါ သက်သေခံလက်မှတ်များဖြင့် လျှောက်ထားနိုင်ပါသည်။
(က)      မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)
(ခ)       သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(ဂ)       သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(ဃ)      မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)
(င)       သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)
သတိပြုရန် ။   ။ မိမိ တင်ပြထား​သော သက်​သေခံ လက်မှတ် မူရင်းဖြင့်သာ စာ​မေးပွဲ လာ​ရောက်​ဖြေဆိုရမည် ဖြစ်သည်။
 
(၂) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အ‌ကောင့် တစ်ခုရှိရမည်။ (Activation Code Link အား အဆိုပါ Email မှ တဆင့် ပေးပို့မည်ဖြစ်ပါသောကြောင့် မှန်ကန်ပြည့်စုံ သော Email ဖြစ်ရန်လိုအပ်ပါသည်။)

(၃) လျှောက်ထားသူ ၏ (၃)လအတွင်းရိုက်ကူးထားသော ကာလာဓါတ်ပုံ JPEG or PNG
(အလှဓါတ်ပုံ၊ မျက်နှာမပေါ်လွင်သောပုံ၊ ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်နေခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးထားခြင်း၊ AI နည်းပညာဖြင့် ပြင်ဆင်ထား သောဓါတ်ပုံများ လက်မခံပါ။)

(၄) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား ကာလာဓါတ်ပုံ (JPEG or PNG)
(သက်သေခံနံပါတ်တခုလျှင် Registration တကြိမ်သာပြုလုပ်လျှောက်ထားခွင့်ရှိပါမည်။ ထည့်သွင်းရာတွင် ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့် ပြန်လည် ရိုက်ကူးခြင်း များလက်မခံပါ။)  

·       အသက်(၁၀)နှစ်အထက် လျှောက်ထားသူများအတွက်- မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့ စာမျက်နှာ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင် ၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း  ဓါတ်ပုံ၊
·       အသက် (၁၀)နှစ်အောက် လျှောက်ထားသူများအတွက်- မွေးစာရင်း ဓါတ်ပုံ၊
·       ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် များဖြစ်ပါက သာသနာဝင်စိစစ်ရေးကတ်ပြား ဓါတ်ပုံ၊
 
(၅)  လျှောက်ထားသူ ၏ လက်မှတ် ဓါတ်ပုံ (JPEG or PNG)

(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။
·       Local Card (eCommerce Register ပြုလုပ် ထားသော MPU Card)
·       QR Payment (KBZ Pay)

လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံ​ကြေငြာ သွားမည်ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ည​နေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)

 2026-07-31
1. ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင် လျှောက်ထားခြင်း နှင့် ပတ်သက်၍ (တစ်ဦးချင်း) 2. သင်တန်းကျောင်းများ အတွက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
visitors :      291,878