Myanmar Association of Japan Alumni ( MAJA )

သင်တန်းကျောင်းများ အတွက် JLPT စာမေးပွဲ လျှောက်ထားခြင်း နှင့် ငွေပေးချေခြင်း လမ်းညွှန်


၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲ အတွက် သင်တန်းကျောင်းအလိုက် လျှောက်ထားခွင့်ရရှိသောကျောင်းများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။

သတိပြုရန် -
• ယခင်ကRegistration ပြုလုပ်ထားပြီး​သော သင်တန်းကျောင်းများသည် မိမိတို့၏ Login ID ဖြင့် ဝင်​ရောက်ပြီး၊ Activate ပြုလုပ်ထားရန်လိုအပ်ပါသည်။ Activate status ဖြစ်ပြီးမှသာ ​လျှောက်လွှာတင်နိုင်မည်ဖြစ်ပါသည်။
• Registration အသစ်ပြုလုပ်ထားသည့် သင်တန်းကျောင်းအသစ်များသည် မိမိတို့ဖြည့်သွင်းထားသော Email သို့ Login ID နှင့် Registration Status အား ဩဂုတ်လ (၂) ရက်နေ့ ညနေ (၄:၃၀) နာရီ နောက်ဆုံးထားပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email သို့ ​ပေးပို့လာ​သော Login ID ဖြင့် ဝင်​ရောက်​လျှောက်ထားရမည် ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

၄။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
၃.၈.၂၀၂၆ (တနင်္လာနေ့) မနက် ၉း၀၀နာရီ မှ ၉.၈.၂၀၂၆ (တနင်္ဂနွေနေ့) ညနေ ၄း၃၀ နာရီ အတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့်ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားနည်းလမ်းညွှန်
https://drive.google.com/file/d/15pGo3OQYlfHONUKW8ssfWS83YJ15hRSU/view?usp=drive_link

၅။ ငွေပေးချေရမည့် ကာလ နှင့် အချိန်
၃.၈.၂၀၂၆ (တနင်္လာနေ့) မနက် ၉း၀၀နာရီ မှ ၁၁.၈.၂၀၂၆ (အင်္ဂါနေ့) ညနေ ၄း၃၀ နာရီ အတွင်း အဆိုပါကာလအတွင်း ငွေပေးချေခြင်းမရှိပါက လျှောက်လွှာဖောင်များအား ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/file/d/15jIMqec-eOLszGEJ-bMnSjbh3RIHZSR5/view?usp=drive_link

လျှောက်ထားသူများ သတိပြုရန်
-        လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/1Bfg1shYDw/?mibextid=wwXIfr

-        လျှောက်ထားသည့် Level, စာဖြေဌာနအတိုင်း ဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါ လျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

-        လျှောက်လွှာဖောင်ပါအချက်အလက်များအား ပြန်လည်ပြင်ဆင်ခွင့်မရှိပါသောကြောင့် သေချာမှန်ကန်စွာ ဖြည့်သွင်းပေးရန်။

-        လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
*           သုည “0” များဖြည့်သွင်းခြင်းမပြုရပါ။
*           ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
*           စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
*           ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။

-        သင်တန်းကျောင်းများအနေဖြင့် မိမိတို့ကျောင်းသားများနစ်နာမှုမရှိစေရန် အချက်အလက်များအား မှန်ကန်စွာ ဖြည့်သွင်းပေးရန်။

-        စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/ Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူများ၏တာဝန်သာဖြစ်ပါသည်။

-        မိမိတို့၏လျှောက်လွှာဖောင်အခြေအနေနှင့် ငွေပေးချေမှုအခြေအနေများအား Login ID ဖြင့်ဝင်ရောက်စစ်ဆေးနေရန်။

-        မိမိတို့ လျှောက်ထားသည့်ဖောင်အရေအတွက်အားလုံး အတည်ပြုခြင်းအဆင့် (Approve Status) ရောက်ရှိပါက ငွေပေးချေခြင်းအား သတ်မှတ်ကာလအတွင်း ချက်ချင်းလုပ်ဆောင်ပေးရန်။ အဆိုပါကာလအတွင်း ငွေပေးချေခြင်းမရှိပါက လျှောက်လွှာဖောင်များအား ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

*** ဇူလိုင်လ စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာ ထွက်ရှိမည်ဖြစ်ပြီး၊ အမှန်တကယ်ဖြေဆိုမည့် Level အား ​ရွေးချယ်​လျှောက်ထားရမည်ဖြစ်ပါကြောင်းနှင့် Level ပြောင်းလဲ​ဖြေဆိုခွင့်မရှိသည်ကို သတိပြုပါ။ ***

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1

 2026-07-31
1. ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင် လျှောက်ထားခြင်း နှင့် ပတ်သက်၍ (တစ်ဦးချင်း) 2. သင်တန်းကျောင်းများ အတွက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
visitors :      291,878