Myanmar Association of Japan Alumni ( MAJA )

JLPT 2020 (JULY) စာမေးပွဲကို ရန်ကုန်နှင့်မန္တလေးတွင် ဖြေဆိုမည့် စာဖြေသူများ (N1, N2, N3, N4 and N5 levels) များသို့ လျှောက်လွှာများကိုဆက်လက် လက်ခံနေပါကြောင်းအသိပေးကြေငြေခြင်း


၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲ ကို မန္တလေးမြို့တွင် ၀င်ရောက်ဖြေဆိုမည့် စာဖြေသူများသို့-

၁.၃.၂၀၂၀ ရက်နေ့မှ စတင်၍ ၆.၃.၂၀၂၀ ရက်နေ့အထိ LEVEL N5, N4, N3, N2, N1 အားလုံးအတွက် လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ပါသည်။ အဆိုပါလက်ခံမည့် LEVEL အားလုံးအတွက် ဖြေဆိုလိုသူတိုင်း ဖြေဆိုနိုင်ရန် စီစဉ်ထားပါသဖြင့် သက်မှတ်ရက်အတွင်း မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီ အတွင်းသာ (စောလျှင်စွာလာရောက်တန်းစီခြင်းမပြုပဲ) အေးဆေးစွာဖြင့် အောက်ပါလိပ်စာတွင် လာရောက်လျှောက်ထားကြစေလိုပါသည်။

အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ
(နေ့လည် ၁၂ နာရီ မှ ၁ နာရီ အထိ ထမင်းစား နားပါမည်။)

နေရာ - MAJA (Mandalay Branch)
ပထမထပ်၊ ရေလမ်း၊ တိုက်(၁)၊ အခန်း(၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊
မန္တလေးမြို့။

ဖုန်း - 09 255162533

ကျေးဇူးတင်ပါသည်။

 2020-03-03
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာစကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      279,887