Myanmar Association of Japan Alumni ( MAJA )

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာ လက်ခံရက်တိုးမြှင့်ခြင်း (တစ်ဦးချင်း - N1,N2,N3 Level)


၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား မူလကြေငြာထားသည့် နေ့ရက်များအလိုက်လက်ခံလျှက်ရှိရာ ယခုအခါ သြဂုတ်လ (၂၇) ရက်နေ့ Online Result ထွက်ရှိအပြီး၊ N1, N2, N3 Level များအား လျှောက်ထားလိုသော စာဖြေသူများအတွက်  စာမေးပွဲလျှောက်လွှာများအား အောက်ဖော်ပြပါ အတိုင်း (၂၈) ရက်နေ့ တွင် တိုးမြှင့်လက်ခံသွားမည် ဖြစ်ပါသည်။

တိုးမြှင့်လက်ခံသွားမည့်ရက်နှင့် အချိန်
နေ့ရက် - ၂၈.၈.၂၀၂၆ (သောကြာနေ့)
အချိန်   - N1+N2 Level (မနက်ပိုင်းမှ စတင်လျှောက်ထားနိုင်မည်)
N3 Level (နေ့လယ်ခင်းအချိန်မှ စတင်လျှောက်ထားနိုင်မည်)

လျှောက်ထားရန် Website Link - https://jlpt-maja.org.mm/

မှတ်ချက် ။   ။ စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ လက်ခံနိုင်မည် ဖြစ်ပါသောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံအရေအတွက် ပြည့်ပါက လျှောက်လွှာ လက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း - 01- 757 10 15 (Ext 1)

 2026-08-21
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,501