Myanmar Association of Japan Alumni ( MAJA )

“Request Special Testing Accommodation” နှင့်ပတ်သတ်၍


၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Online Application Form (School/Individual) လျှောက်ထားပြီးသော စာဖြေသူများ အနေဖြင့် “Request Special Testing Accommodation” လျှောက်ထားရန် အမှန်တကယ်လိုအပ်သူများသည် ၂၉.၈.၂၀၂၆ ရက်မှစ၍ ၁.၉.၂၀၂၆ ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ viber ဖုန်းနံပါတ် (09- 428 756 746) သို့ ဆက်သွယ်စာရင်းပေးရန် လိုအပ်ပါမည်။

“Request Special Testing Accommodation” သည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ တခြားသော ချို့ယွင်းချက်ရှိပြီး အထူးကုသမှု ခံယူရန်လိုအပ်သူများအတွက်သာ (ဥပမာ-အမြင်/အကြားအာရုံချို့ယွင်းမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု) ဖြစ်ပါသောကြောင့် အမှန်တကယ်တောင်းဆိုရန် လိုအပ်သူများသာ လျှောက်ထားရမည်ဖြစ်ပါသည်။

ဖော်ပြပါသတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက “Request Special Testing Accommodation” အား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်းနှင့် လျှောက်ထားသူများအနေဖြင့် ဆရာဝန်ထောက်ခံချက်စာရွက်၊ ဆေးမှတ်တမ်း၊ ဆေးစစ်ချက်စာရွက်စာတမ်းများ ကိုလည်း တင်ပြပေးရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
 
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01-757 10 15 (ext -1)

 2026-08-28
1. ၂၀၂၆ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် N1,N2,N3 Level လျှောက်လွှာတိုးမြှင့် လက်ခံမှုနှင့် ပတ်သက်၍ 2. “Request Special Testing Accommodation” နှင့်ပတ်သတ်၍ 3. အသုံးပြုသူအချက်အလက်ပြန်လည်ပြင်ဆင်ခြင်း (တစ်ဦးချင်းလျှောက်ထားသူများ)
visitors :      304,533