Myanmar Association of Japan Alumni ( MAJA )

2020 ခုနှစ် July လ 5 ရက်နေ့တွင် ကျင်းပပြုလုပ်မည့် JLPT Exam ရပ်ဆိုင်းခြင်းနှင့် ပတ်သတ် သည့် အကြောင်းအရာများကို MRTV-4 မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို MAJA မှ အထွေထွေ အတွင်းရေးမှူး ဆရာမဒေါ်မိုမိုစံမှ ပြန်လည် ဖြေကြားပေးထားခြင်း။


2020 ခုနှစ် July လ 5 ရက်နေ့တွင် ကျင်းပပြုလုပ်မည့် JLPT Exam ရပ်ဆိုင်းခြင်းနှင့် ပတ်သတ် သည့် အကြောင်းအရာများကို MRTV-4 မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို MAJA မှ အထွေထွေ အတွင်းရေးမှူး ဆရာမဒေါ်မိုမိုစံမှ ပြန်လည် ဖြေကြားပေးထားသည်များကို သိရှိနိုင်ပါရန် ဖော်ပြ ပေးလိုက်ပါသည်။

၁။ JLPT စာမေးပွဲ ဘာကြောင့်ရပ်ဆိုင်းခဲ့တာလဲ။
“ယခုလက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားတဲ့ Covid-19 ရောဂါ ကြောင့် နိုင်ငံတော် က ညွှန်ကြားချက်များကို အလေးအနက် လိုက်နာတဲ့ အနေနဲ့ Japan Foundation (Yangon) နဲ့ ကျွန်မတို့ Myanmar Association of Japan Alumni (MAJA) က လာမဲ့ 2020 July 5 ရက် မှာ ကျင်းပမဲ့ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ကို ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါ တယ်။
ဒီစာမေးပွဲဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ စာမေးပွဲ ဖြစ်တဲ့ အတွက် တခြားနိုင်ငံ များမှာလဲ ရင်ဆိုင်နေရပီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လဲ ကျင်းပမယ်ဆိုရင် ဒီမေလထဲမှာစပြီးတော့ ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခုအခြေအနေအရ ဆိုရင် ဒီပြင်ဆင်မှုများကို ပြုလုပ်ဖို့မဖြစ်နိုင်တဲ့ အတွက် စာဖြေသူများမျှော်လင့်နေတဲ့ ဒီစာမေးပွဲ ကို စိတ်မကောင်းစွာနဲ့ပဲ ရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ ရပါတယ်။ ယခုနှစ် July စာမေးပွဲ အတွက် စာဖြေမည့် သူအရေအတွက်ကတော့ ၅သောင်းကျော် ရှိခဲ့ပါ တယ်။”

၂။ JLPTစာမေးပွဲရပ်ဆိုင်းတာနဲ့ပတ်သတ်ပြီးလျှောက်ထားသူများအတွက်ဘလိုမျိုးတွေပြန်လည် စီစဉ် ပေးထားမှုရှိပါသလဲ။
“ဒီစာမေးပွဲဟာ နိုင်ငံပေါင်း ၈၀ ကျော်မှာရှိတဲ့ စာဖြေဌာန ၂၉၀ ကျော်မှာ တရက်ထဲ တပြိုင်နက်ထဲ ကျင်းပတာဖြစ်ပါတယ်။ ဒီလိုကပ်ရောဂါဘေး၊ သဘာဝဘေး အန္တရာယ်နဲ့ နိုင်ငံရေး အခြေအနေ တွေကြောင့် ရပ်ဆိုင်းရတဲ့အခါမှာ လျှောက်ထားသူများ အတွက်ဆောင်ရွက်ပေးဖို့ သတ်မှတ်ချက် များရှိပါတယ်။
(၁) လျှောက်လွှာကြေး မပါဘဲ စာမေးပွဲကြေး ပြန်ထုတ်ပေးခြင်း။
(၂) မိမိဆန္ဒအလျှောက်ပြန်မထုတ်လိုသူများအတွက် အနီးဆုံး စာမေးပွဲ တခုမှာ လျှောက်ထားခဲ့တဲ့ Level နဲ့ Test Site အတိုင်းပြန်လည် ဖြေဆိုခွင့် လျှောက်ထားခြင်းတို့ဖြစ်ပါတယ်။
အချို့နိုင်ငံ တော်တော်များများမှာတော့ ပထမအချက်အတိုင်း စာမေးပွဲကြေး ပြန်လည်ထုတ်တာ ကိုပဲ ဆောင်ရွက်ပေးကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖော်ပြခဲ့တဲ့ အချက်၂မျိုးလုံးကို ဆန္ဒရှိသလို ဆောင်ရွက်နိုင်အောင် စီစဉ်ပေး ထားပါတယ်။”

၃။ MAJA အနေဖြင့် ထပ်လောင်းပြောစရာများရှိရင် သိပါရစေ။
“စာမေးပွဲ ဖြေဆိုဖို့ကြိုးစားကျက်မှတ်လေ့လာထားပြီး လျှောက်ထားကြသောစာဖြေသူများကို စာမေးပွဲ မကျင်းပဖြစ်တဲ့ အတွက် အနူးအညွှတ်တောင်းပန်လိုပါသည်။ ပြီးတော့ ဒီအခြေအနေများလဲ အိမ်မှာပဲနေပြီး မိမိကျန်းမာရေးကို ဂရုစိုက်ကြဖို့နဲ့ဂျပန်စာကို ဆက်လက်လေ့လာထားဖို့ကို လဲ တိုက်တွန်းလိုပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစကားမှာ ဖော်ပြထားသလိုပဲ လုံဝစိတ်ချရသေးတဲ့ အခြေအနေက ဝေးသေးတဲ့ အတွက်ကြောင့် Covid-19 နဲ့ ပတ်သတ်တဲ့ လမ်းညွှန်ချက်များကို သေချာစွာ လိုက်နာပြီး ဒီကပ်ရောဂါကြီးကို အမြန်ဆုံး ကျော်လွှားနိုင်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒီကပ်ရောဂါ အမြန်ပျောက်ကင်းမှ စာမေးပွဲများပြန်လည်ကျင်းပနိုင်မှာ ဖြစ်ပြီး ကျောင်းသူ၊ သားများ အနေနဲ့လဲ စာမေးပွဲ ကျင်းပနိုင်တဲ့ အခါမှာကျန်းမာချမ်းသာစွာနဲ့ ဝင်ရောက်ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။”

 2020-05-07
MAJA Head Office, MAJA Education Centre, MAJA Office (Mandalay Branch) တို့၏ ရုံးချိန် Update ကြေငြာခြင်း။
visitors :      45,390