၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အားရပ်ဆိုင်းလိုက်ရပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အားရပ်ဆိုင်းလိုက်ရခြင်းနှင့် ပတ်သက်၍
ミャンマー語の後に日本語が続きます。
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက် (တနင်္ဂနွေနေ့) တွင် တစ်ကမ္ဘာလုံးတွင် တစ်ပြိုင်နက်တည်းကျင်းပရန် စီစဉ်ထားသော JLPT အား မြန်မာနိုင်ငံတွင်ကျင်းပခြင်းနှင့် ပတ်သက်၍ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် စာဖြေဌာနများကို ပြင်ဆင်ရန်အခက်အခဲများစွာရှိသည့်အတွက် စာမေးပွဲကျင်းပခြင်းအား ရပ်ဆိုင်းလိုက်ရပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
စာမေးပွဲကြီးမှူးကျင်းပသည့် အဖွဲ့အစည်းအနေဖြင့် ဤကဲ့သို့ အရေးပါလှသော စာမေးပွဲအား ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ဝမ်းနည်းခြင်းများစွာဖြင့် အလွန်ပင်စိတ်မကောင်းဖြစ်မိပါသော် လည်း စာဖြေသူအားလုံး၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးကို အလေးပေးစဉ်းစားသောအားဖြင့် ရပ်ဆိုင်းလိုက်ရသည့်အပေါ် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
【お知らせ】2020年12月実施日本語能力試験(JLPT)の中止について
2020年12月6日(日)に全世界一斉実施が計画されているJLPTのミャンマーでの開催については、新型コロナウイルスCOVID-19の感染拡大の影響で会場を確保することが困難になったため、中止を決定したことをお知らせします。
主催者としてもこの重要な試験を実施することができなくなったことを大変残念且つ申し訳なく思っておりますが、皆様の安全と健康を第一に考え、中止を判断せざるを得ませんでした。なにとぞご理解賜りますようお願い申し上げます。
2020年9月23日
国際交流基金ヤンゴン日本文化センター
ミャンマー元日本留学生協会
https://www.facebook.com/JFYangon/posts/784109819033881
Source from The Japan Foundation Yangon.