၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင်ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ(JLPT) နှင့်ပတ်သက်၍ဖြည့်စွက်ကြေငြာခြင်း။
၂၀၂၁ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့တွင်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကျင်ပခြင်းနှင့် ပတ်သက်၍ ကြေငြာခဲ့ပြီးဖြစ်ပြီး၊ ဖြေဆိုရန်စိတ်ပါဝင်စားသူများစွာရှိပါသဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။ Covid-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုလိုသူ များ၏ ဆန္ဒများအားပြည့်ဝစွာ စာမေးပွဲ ပြုလုပ် ကျင်းပနိုင်ခြင်း မရှိသည့်အတွက် အနူးအညွှန်တောင်းပန်အပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပ ပြုလုပ်ရန်စီစဉ်ရသည်ဖြစ်ပါသောကြောင့်စာဖြေသူများအနေဖြင့် နားလည်သဘောပေါက် လက်ခံ ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂၀၂၁ခုနှစ်၊သြဂုတ်လ (၁၃) ရက်နေ့ကြေငြာချက်တွင် အောက်ဖော်ပြပါအချက်များအား ဖြည့်စွက်အသိပေး အပ်ပါသည်။
၁။ Online Application လျှောက်ထားခြင်းလမ်းညွှန်ကြေငြာချိန်နှင့် လျှောက်လွှာစတင်လျှောက်ထား နိုင်ချိန်ကို သြဂုတ်လ (၂၀) ရက်နေ့ နံနက် (၁၀) နာရီ အဖြစ် သတ်မှတ်လိုက်ပါသည်။
၂။ စာမေးပွဲကြေးပေးသွင်းခြင်းနှင့် ငွေပေးသွင်းမှုမှားယွင်းမှုမရှိရန်နှင့် လျှောက်ထားသူ၏ အချက်အလက် များ တိကျစွာပေးပို့နိုင်ရေးအတွက် KBZ Quick Pay ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါ သော်လည်း Quick Pay ဖြင့် ပေးသွင်းရန် အခက်အခဲရှိပါက AYA Bank Account ဖြင့် လက်ခံသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ငွေပေးသွင်းမှုသည် လျှောက်လွှာတင်ခွင့်ရရှိသူများသာလျှင်ပေးသွင်းရမည်ဖြစ်ပြီး၊ လျှောက်လွှာတင်ခွင့် မရရွိသူမ်ား ငွေပေးသွင်းခြင်းပြုလုပ်ရန် မလိုအပ်ပါ။ လျှောက်လွှာတင်ခွင့်ရရှိသူများသည်လည်း Invoice Number ရရှိမှသာပေးသွင်းရမည်ဖြစ်ပါသည်။
သြဂုတ်လ (၂၀) ရက်နေ့ နံနက် (၁၀) နာရီ တွင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်း လမ်းညွှန် အသေး စိတ် အား ကြေငြာသွားမည် ဖြစ်ပါသည်။
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက -
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751