၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်ထားခြင်း လမ်းညွှန်
၂၀၂၁ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့တွင် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ကြေငြာခဲ့ပြီးဖြစ်ပြီး၊ ဖြေဆိုရန် စိတ်ပါဝင်စားသူ များစွာရှိပါသဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။ Covid-19 ရောဂါ ဖြစ်ပွားမှုမြင့်တက်နေချိန် ဖြစ်ပါသောကြောင့် ဖြေဆိုလိုသူများ၏ ဆများအားပြည့်ဝစွာ စာမေးပွဲ ပြုလုပ်ကျင်းပနိုင်ခြင်း မရှိသည့်အတွက် အနူးအညွှန့်တောင်းပန်အပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည်ဖြစ်ပါသော ကြောင့် စာဖြေသူများအနေဖြင့် နားလည်သဘောပေါက်လက်ခံပေးပါရန်နှင့် ဖြေဆိုနိုင်သူဦးရေအနည်းငယ်ဖြင့်သာ ပြုလုပ်ကျင်းပနိုင်မည် ဖြစ်ပါသောကြောင့် အလုပ်လျှောက်ထားခြင်းနှင့် ကျောင်းလျှောက်ထားခြင်း စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက်ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် သူများမှာအောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
(၁) ပထမဦးစွာ JLPT Application Form ကို Download လုပ်ပါ။
● JLPT Application Form 2021B
ယခု လမ်းညွှန်၏ အောက်ဆုံးစာမျက်နှာတွင် Download လုပ်ယူနိုင် ပါသည်။
● ၂၀၂၁ခုနှစ်ဒီဇင်ဘာလဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf
“How to Fill in the Application Form” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)
ကျင်းပမည့်စာမေးပွဲအဆင့်နှင့်နေရာအလိုက် ဖြေဆိုနိုင်သူ ဦးရေ -
ကျင်းပမည့်စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ဦး၊ N3 ၅၀၀ဦး
မန္တလေးမြို့- N4 ၆၀၀ဦး၊ N3 ၁၀၀ဦး
(၂) ကွန်ပျူတာတွင် Adobe Reader ဖြင့် JLPT Application Form 2021B (writable) File တွင် အချက်အလက်များကိုတိကျမှန်ကန်စွာဖြည့်သွင်းပြီး၊ Adobe Reader ၏ “Fill & Sign Tools” ကိုအသုံးပြုကာ၊
Form A, B, C တို့တွင် “Fill & Sign Tools” Date နှင့် Signature အားဖြည့်သွင်းပါ။
Date ဖြည့်သွင်းနည်း - “Fill & Sign Tools” မှ “Add Text” ကိုနှိပ်ပါ။ Form A ၏Date နေရာကိုနှိပ်ပြီး၊ နေ့စွဲအားရေးသွင်းပါ။ (Eg: 2021/08/20) Form B, Form C တွင်လည်း အလားတူအတိုင်း နေ့စွဲအား ဖြည့်သွင်းပါ။
Signature ဖြည့်သွင်းနည်း - စာရွက်အဖြူပေါ်တွင် စာဖြေသူလက်မှတ် ရေးထိုးကာဓါတ်ပုံရိုက်၍(သို့) Scan ဖတ်ကာ image file ဖြင့် သိမ်းဆည်းပါ။ “Fill & Sign Tools” မှ “Place Signature” ကိုနှိပ်ပါ။ (အခြား Signature သိမ်းထားပြီးဖြစ်နေပါက၊ “Clear Saved Signature” ဖြင့် ဖျက်ပါ။) “Place Signature” Window ပေါ်လာပါက “Used an image”ကိုရွေးပြီး၊ File နေရာတွင် မိမိ၏လက်မှတ်အားသိမ်းဆည်းထားသော image file ကိုရွေးပေးပါ။ “Accept” ကိုနှိပ်ပြီးပါကမိမိလက်မှတ်အားသိမ်းဆည်းပြီးဖြစ်ပါသည်။ Form A ၏ “Signature” နေရာကို Mouse နှိပ်ပြီး၊ လက်မှတ်အားဖြည့်သွင်းပါ။ Form B, Form C တွင်လည်းအလားတူအတိုင်းလက်မှတ်အားဖြည့်သွင်းပါ။
အချက်အလက်အားလုံးဖြည့်သွင်းပြီးပါကFile Name အား မိမိ “အမည်-မွေးနေ့”ဖြင့် ပြုလုပ်ပေးပါ။
(Eg: “MAUNGMAUNG-23081998.PDF”)
(Test Voucher အတွက် ဓါတ်ပုံအားJLPT Online Application Form တွင် Attached လုပ်ပေးရမည် ဖြစ်ပါသည်။)
ပြည့်စုံမှုမရှိသော လျှောက်လွှာအားလက်ခံ၍ မရနိုင်ခြင်းများရှိနိုင်ပါသဖြင့်၊ လျှောက်လွှာပါ အချက်အလက်များကို မှန်ကန်သေခြာစွာဖြည့်သွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၃) မိမိဖြေဆိုမည့် အဆင့်(Level)နှင့် မြို့အလိုက် သက်ဆိုင်ရာ“JLPT Online Application Form”သို့ ဝင်ရောက်ပါ။
Yangon, N3
Yangon, N4
Mandalay, N3
Mandalay, N4
Online Application Form ပါအချက်အလက်များကိုဖြည့်စွက်ပြီး၊ အောက်ဆုံးတွင်ရှိသော Attachment တွင် လျှောက်လွှာအား မိမိအမည်ဖြင့် သိမ်းဆည်းထားသော JLPT Application Form 2021 ဖိုင်နှင့် ID Card (သက်သေခံကဒ်ပြား) ဖိုင်ကို Upload လုပ်ပါ။ သက်သေခံကဒ်ပြားအားနိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်း လိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ် (အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း၊ တကသိုလ်၊ ကောလိပ်) ကိုသာလက်ခံမည် ဖြစ်ပါသည်။ ID Card ၏File Name အား စာမေးပွဲလျှောက်ထားသူ၏ “အမည်-မွေးနှစ် ” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “MAUNGMAUNG-1998.JPG”)
ဆက်လက်ပြီး၊ Test Voucher တွင် ထည့်ပေးရန်အတွက် ဓါတ်ပုံကိုUpload လုပ်ရပါမည်။ ဓါတ်ပုံသည် မျက်နှာကိုရှေ့တည့်တည့်မှရိုက်ထားရမည်ဖြစ်ပြီး၊ နောက်ခံ(Back Ground) သည် အရောင်တမျိုးတည်း ဖြစ်နေရပါ မည်။ ဓါတ်ပုံFile Name အား မိမိ “အမည်-မွေးနေ့မွေးလ” ဖြင့် ပြုလုပ်ပေးပါ။
(Eg: “MAUNGMAUNG-2308.JPG”)
Online Application Form ပါ နေရာများအားလုံးကိုဖြည့်စွက်ပြီး၊ အထက်ဖော်ပြပါဖိုင် (၃) ခုအား Upload လုပ်ပြီး ပါက “Submit” button ကိုနှိပ်ပြီးပါက ဖောင်တင်ခြင်းပြီးဆုံးမည် ဖြစ်ပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ -
သြဂုတ်လ (၂၀) ရက်မှစက်တင်ဘာလ (၃) ရက်အတွင်း
သတ်မှတ်အရေအတွက်ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကိုရပ်ဆိုင်းမည်ဖြစ်ပါသည်။
(၄) စာမေးပွဲကြေးပေးသွင်းခြင်း
Online မှတဆင့်လျှောက်ထားသည့် လျှောက်လွှာများအားစိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထား သူများအား ငွေသွင်းရန် “Invoice Number” အားပေးပို့သွားပါမည်။ငွေပေးသွင်းမှုမှားယွင်းမှုမရှိရန်နှင့် လျှောက်ထား သူ၏ အချက်အလက်များ တိကျစွာ ပေးပို့နိုင်ရေးအတွက် KBZ Quick Pay ဖြင့် လက်ခံသွားမည် ဖြစ်ပါသည်။ Quick Pay ဖြင့် ပေးသွင်းရန် အခက်အခဲရှိပါက AYA Bank Account ဖြင့် လက်ခံသွားမည် ဖြစ်ပါသည်။ Invioce Number ပေးပို့သည့်အခါတွင် ငွေပေးသွင်းခြင်းလမ်းညွှန် အားပေးပို့ပေးသွားပါမည်။
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်
Covid-19 ရောဂါကူးစက်မှုကာကွယ်ရေးအစီအစဉ်များနှင့်အညီ ကျင်းပရသည်ဖြစ်ပါသောကြောင့် စာမေးပွဲကြေး များကို ပြောင်းလဲသတ်မှတ်ရသည်ကို နားလည်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ရောဂါကူးစက်မှု အခြေအနေနှင့် အခြားသောအကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်းမရှိပါက စာမေးပွဲကြေးအား ပြန်လည်ပေးအပ် သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအားပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ် ပါသည်။ လျှောက်လွှာကြေးသည်လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသော စရိတ် ဖြစ်ပါသည်။
ငွေပေးသွင်းမှုသည် လျှောက်လွှာတင်ခွင့်ရရှိသူများသာလျှင် ပေးသွင်းရမည်ဖြစ်ပြီး၊ လျှောက်လွှာတင်ခွင့် မရရှိသူများ ငွေပေးသွင်းခြင်းပြုလုပ်ရန် မလိုအပ်ပါ။ လျှောက်လွှာတင်ခွင့် ရရှိသူများသည်လည်း Invoice Number ရရှိမှသာ ပေးသွင်းရမည် ဖြစ်ပါသည်။
(၅) Test Voucher ပေးပို့ခြင်း
ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေး သွားပါမည်။ စာမေးပွဲဖြေဆိုသည့်နေ့တွင်ယင်း Soft Copy နှင့် ID Card မူရင်းအားပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။
(၆) စုံစမ်းမေးမြန်းရန်
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက -
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။09-428613848, 09-9627 51373