Myanmar Association of Japan Alumni ( MAJA )

JLPT 2021 (December) စာမေးပွဲဖြေဆိုသူစာရင်း ကြေငြာခြင်း (Mdy N4+ N3)


JLPT 2021 (December) စာမေးပွဲအတွက် Online မှ လျှောက်ထားခဲ့ပြီး၊ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး ပေးသွင်းပြီးသည့် စာမေးပွဲဖြေဆိုသူများစာရင်းကို ကြေငြာအပ်ပါသည်။ လျှောက်ထားသူများမှ ပေးပို့လာသည့် ငွေသွင်းချလံနှင့် ဘဏ်သို့ ဝင်ရောက်လာသည့် စာရင်းအတိုင်း စိစစ်ပြီး၊ စာမေးပွဲဖြေဆိုမည့်ခုံအမှတ်ကို ထည့်သွင်းပြီး ဖြစ်ပါသည်။

() အကယ်၍ စာမေးပွဲကြေးနှင့် လျှောက်လွှာတင် ကြေးပေးသွင်းခဲ့ပြီး၊ မိမိအမည်နှင့် ခုံအမှတ် မထွက်ရှိသည် ရှိပါက MAJA သို့ အမြန်ဆုံး အကြောင်းကြားပေးပါရန်။

() စာမေးပွဲဖြေဆိုသူများအားလုံး မိမိ၏အမည်နှင့် မွေးနေ့များကို သေခြာစွာစစ်ဆေးပြီး၊ မှားယွင်းမှု တစုံတရာ ရှိပါက (၁၅..၂၀၂၁) မှ (၃၀..၂၀၂၁) အတွင်း MAJA သို့ ရုံးချိန်အတွင်း အကြောင်းကြား ပေးပါရန်။

  ယခုစာရင်းပါ လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို နိုဝင်ဘာ လ ဒုတိယအပတ် မှ  စတင်၍ Viber မှ ပေးပို့ပေးသွားပါမည်။ စာရင်းပေးသွင်းထားသော Viber ဖုန်းနံပါတ်အား ပြောင်းလဲခြင်းမပြုလုပ်ပါရန်နှင့် မဖြစ်မနေပြောင်းလဲရသည့် အခြေအနေ ပေါ်ပေါက် လာပါက MAJA သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  Viber ဖြင့် ပေးပို့မရသော သူများအား လျှောက်ထားချိန်တွင် ဖြည့်သွင်းခဲ့သည့် Email သို့ ပေးပို့ပေးပါမည်။ Viber နှင့် Email ()မျိုးလုံးဖြင့် ဆက်သွယ်မရနိုင်ခဲ့ပါက လျှောက်ထားသူ၏ တာဝန်သာ ဖြစ်ပါ သည်။

  စာမေးပွဲဖြေဆိုသည့်နေ့တွင် Test Voucher Soft Copy နှင့် ID Card မူရင်းအားပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။

မှတ်ချက်။     Online မှ လျှောက်ထားရာတွင် လူအများအပြား တပြိုင်နက်တည်း လျှောက်ထားခဲ့ ခြင်းအတွက် သတ်မှတ်ဦးရေထက် ကျော်လွန်ခဲ့ခြင်းများ ရှိခဲ့ပါသောကြောင့်၊ Mandalay N3 တွင် (၁၀၄ဦး ဖြစ်သွားခဲ့ ပါသည်။ တဖန်၊ လျှောက်ထားသူများမှ Invoice ရရှိသည့် အချိန်တွင် Cancel ပြုလုပ်သူများ ရှိပါသဖြင့် Yangon N4 နှင့် Mandalay N4 တို့တွင် သတ်မှတ်ဦးရေထက် လျော့နည်း သွားခဲ့ပါသည်။

ဆက်သွယ်ရန် -

Yangon (N3) - 09 986 093 637

Yangon (N4) -  09 428 613 848

Mandalay (N3 & N4) - 09 428 783 860

JLPTကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)















 2021-09-11
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717