Myanmar Association of Japan Alumni ( MAJA )

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် မကျင်းပဖြစ်ခဲ့သည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်း (နောက်ဆုံးအကြိမ်)နှင့် ပတ်သက်၍ ကြေငြာခြင်း။


၂၀၂၀ခုနှစ် ဇူလိုင်လတွင် မကျင်းပဖြစ်ခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)အတွက် စာမေးပွဲကြေး ပြန်လည်ထုတ်ယူရန် ၂၀၂၀ ခုနှစ် ဇူလိုင်လ () ရက်နေ့တွင် ပထမအကြိမ် ထုတ်ပြန် ကြေငြာခဲ့ပြီး၊ လျှောက်လွှာ တင်ရမည့် ကာလကို ၂၀၂၀ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့မှ သြဂုတ်လ(၃၁)ရက် အထိ သတ်မှတ်ပြီး စာမေးပွဲကြေးများ ပြန်လည်ထုတ်ပေးခဲ့ပါသည်။

https://www.facebook.com/117985645021854/posts/1735129019974167/

၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကြေငြာခဲ့ပြီး၊ ပထမအကြိမ်၏ သတ်မှတ်ရက် နောက်ပိုင်းတွင် ပေးပို့လာသော စာမေးပွဲကြေး ပြန်လည် ထုတ်ယူခွင့် လျှောက်လွှာများ အတွက် ဆက်လက်ထုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

https://www.facebook.com/117985645021854/posts/1797712810382454/

စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်းအား ယခုအချိန် (၂၆..၂၀၂၁)အထိ ၂၀၂၀ခုနှစ်ဇူလိုင်လ စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ၏ ၉၅% ခန့်အား ပြန်လည်ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အကြောင်း အမျိုးမျိုး ကြောင့် စာမေးပွဲကြေး ပြန်လည်ထုတ်ယူရန် ကျန်ရှိနေသေးသော စာမေးပွဲလျှောက်ထားသူများ အနေဖြင့် စက်တင်ဘာလ ၂၇ရက် မှ အောက်တိုဘာလ ၃၀ရက်အတွင်း လျှောက်ထားကြပါရန် ထပ်မံကြေငြာ အပ်ပါသည်။ ယခင်က စာမေးပွဲကြေး ပြန်လည် ထုတ်ယူခြင်းအား လျှောက်ထားခဲ့သော်လည်း၊ ငွေသားဖြင့် ထုတ်ယူလိုခြင်း စသည်တို့ကြောင့် လက်ခံရယူထားခြင်း မရှိသေးသောသူများအားလုံး ပြန်လည် လျှောက်ထား ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ယခုအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ အောက်တိုဘာလ ၃၀ ရက် နောက်ပိုင်းတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲကြေးများကို ပြန်လည်ထုတ်ပေးတော့မည် မဟုတ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။

စာမေးပွဲကြေးပြန်လည်ထုတ်ယူခွင့်လျှောက်ထားရန်နည်းလမ်း

---------------------------------------------------------

Covid-19 ကူးစက်ရောဂါ ပြန့်နှံ့မှုနှင့် ဘဏ်လုပ်ငန်းလည်ပတ်မှု အခြေအနေများကြောင့်၊ AYA, KBZ, CB Bank ()ဘဏ်၏ iBanking နှင့် Pay စနစ် များဖြင့် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ မိမိ၏ကိုယ်ပိုင်အကောင့်မရှိပါလျင်၊ အခြားသူ၏အကောင့်ဖြင့်လည်း လျှောက်ထားထုတ်ယူနိုင်ပါသည်။ လက်ရှိအခြေအနေတွင် ငွေသားဖြင့်ထုတ်ပေး ခြင်းအား မပြုလုပ်နိုင်ပါသဖြင့် iBanking နှင့် Pay စနစ်များ ဖြင့်သာ ထုတ်ပေးနိုင်ခြင်းကို နားလည် လက်ခံပေးစေလို ပါသည်။

စာမေးပွဲကြေး ထုတ်ယူခွင့်အား လျှောက်ထားရာတွင် အောက်ဖော်ပြပါစာရွက်စာတမ်းများကို Viber (သို့) Email ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

တစ်ဦးချင်းလျှောက်ထားသူများ -

() Test Voucher (သို့) ငွေသွင်းစလစ်

() စာဖြေသူလျှောက်ထားစဉ်က တင်ခဲ့သည့် သက်သေခံကဒ်ပြား

() စာမေးပွဲကြေးပြန်ထုတ်ခွင့်လျှောက်လွှာ

https://www.ascoja-maja.org.mm/.../Application%20Form...

ကျောင်းအလိုက်လျှောက်ထားသူများ -

() စာမေးပွဲကြေးထုတ်မည့် ကျောင်းသားစာရင်း

() Test Vouchers (သို့) ငွေသွင်းစလစ်

() ငွေလက်ခံမည့် ဘဏ်အကောင့်ပိုင်ရှင်၏ မှတ်ပုံတင်

() စာမေးပွဲကြေးပြန်ထုတ်ခွင့်လျှောက်လွှာ

https://www.ascoja-maja.org.mm/.../Application%20Form...

စာမေးပွဲကြေးထုတ်သည့် လျှောက်လွှာများအား ၂၀၂၀ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ လျှောက်ထားစဉ် အခါက လျှောက်လွှာများဖြင့် တိုက်ဆိုင်စစ်ဆေး၍ လိုအပ်ချက်များ၊ ကွဲလွဲချက်များရှိပါက ဆက်သွယ် မေးမြန်းပြီး မှန်ကန်ပါက စာမေးပွဲကြေးများ ပြန်လည် ထုတ်ပေး ပါမည်။

ရန်ကုန်၊ ပဲခူး စာဖြေဌာများအတွက်

---------------------------

Email- [email protected]

(သို့မဟုတ်)

Viber - 09-428 783 860

မန္တလေး စာဖြေဌာနအတွက်

------------------------

Email - [email protected]

(သို့မဟုတ်)

Viber- 09-255 162 533

အထောက်အထားပြည့်စုံသည့် လျှောက်လွှာများအား လျှောက်ထားသည့်ရက်မ ှ()ပတ်အတွင်း ငွေလွှဲ ပေးပို့ပေးသွား မည် ဖြစ်ပါသည်။

JLPTကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

 2021-09-27
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717