Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) အတွက် Google Application Form လျှောက်ထားရမည့် နမူနာအား ပူးတွဲပါအတိုင်း ဖော်ပြပေးလိုက် ပါသည်။


   JLPT စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် (၁၅.၂.၂၀၂၂) ကြေငြာချက်တွင် ဖော်ပြခဲ့သည့်အတိုင်း စတင်ပြင်ဆင်နေကြမည်ဟု မျှော်လင့်ပါသည်။ မပြင်ဆင်ရသေးသူများအတွက် အဓိက လိုအပ်ချက်များအား ထပ်မံဖော်ပြအပ်ပါသည်။ အသေးစိတ်လမ်းညွှန်အား ၁၅.၂.၂၀၂၂ ရက်ကြေငြာချက်တွင် ကြည့်ရှုနိုင်ပါသည်။

 

   (၁) Email အကောင့်

   အကောင့် တခုမွ တကြိမ်သာ လျှောက်ထားနိုင်ပါရန်သတ်မှတ်ထားပါသဖြင့် စာဖြေသူတစ်ဉီးစီတွင် Emailအကောင့်တစ်ခု ရှိထားရန်လိုအပ်ပါသည်။

   (၂) JLPT Application Form 2022A

    https://ascoja-maja.org.mm/upload/pdf/application_form__2022A(writable)_1644891818.pdf

 

လျှောက်လွှာပြင်ဆင်ရာတွင် Adobe Acrobat Software အသုံးပြု၍ Phone/Laptop ဖြင့် ပြင်ဆင်နိုင်ပါသည်။

 

   () ID Card (NRC စသည့် သက်သေခံကဒ်ပြား)

   မူရင်းအား ဓါတ်ပုံရိုက်၍ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ (စာမေးပွဲနေ့တွင် အဆိုပါမူရင်းအား ယူဆောင် လာရမည်ဖြစ်သည်။)

 

   () ဓါတ္ပုံ

   3*4 cm size ဓါတ္ပုံ File (Softcopy)အား  ကြိုတင်ပြင်ဆင်ထားရပါမည်။

 

   Online Application Form လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ လျှောက်လွှာလက်ခံရရှိသူစာရင်းအား ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေး ပေးသွင်း ရမည် ဖြစ်ပါသည်။

 

  Level တခုချင်းဆီအတွက် Google Application Form Link မ်ားအား အောက်ပါအချိန်နှင့်နေ့ရက်အတိုင်း ကြေငြာပေးသွားမည်ဖြစ်ပါသည်။ ကြိုတင်ဝင်ရောက်ထားမှုများကြောင့် Sever System ကျခြင်းအား လျော့ချ နိုင်ရန်အတွက် ဖောင်စတင်လက်ခံမည့် အချိန်တွင်သာ ကြေငြာရခြင်း ဖြစ်ပါသည်။

 

    N1,N2 (Yangon + Mandalay)

 ၂၃..၂၀၂၂  မနက်၁၀:၀၀ နာရီ

    N3 (Yangon + Mandalay)

 ၂၄..၂၀၂၂  မနက်၁၀:၀၀ နာရီ

    N4 (Mandalay)

 ၂၅..၂၀၂၂  မနက်၁၀:၀၀ နာရီ

    N4 (Yangon)

  ၂၆..၂၀၂၂  မနက်၁၀:၀၀ နာရီ

 

  အထက်ဖော်ပြပါ JLPT Application Form 2022A ID Card ဓါတ္ပုံ ဖိုင်()ခုအား ကြိုတင်ပြင်ဆင်ထားပြီး၊ Google Application Form အား ဖုန်း (သို့) ကွန်ပြူတာဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

 

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 

 2022-02-17
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717