Myanmar Association of Japan Alumni ( MAJA )

N3 Level (Yangon + Mandalay) အတွက် လျှောက်ထားရမည့် Google Application Form Link ကြေငြာခြင်း။ Mandalay N3 level အတွက် သတ်မှတ်လူဦးရေ ပြည့်သွားခဲ့ ပါကြောင်း။ Yangon N3 level အတွက် သတ်မှတ်လူဦးရေမှာ ပြည့်သွားခဲ့ ပါကြောင်းကြေငြာခြင်း


N3 Level (Yangon + Mandalay) အတွက် လျှောက်ထားရမည့် Google Application Form Link မှာအောက်ပါအတိုင်းဖြစ်ပါသည်။

တစ်ကြိမ်ထက်ပို၍ ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါသောကြောင့် တစ်ဉီးလျှင် တစ်ကြိမ်သာလျှင် လျှောက်ထားရန် အထူးသတိပေးအပ်ပါသည်။ လူတစ်ဦးတည်းမှ () ကြိမ်နှင့်အထက် လျှောက်လွှာဝင်ရောက်လာပါက ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

Google Application Form လျှောက်ထားပြီးဆုံးပါက လျှောက်ထားသည့် Email အကောင့်သို့ လက်ခံရရှိ ကြောင်း Email ဝင်ရောက်လာမည် ဖြစ်ပါသည်။

N3 Yangon Test Site

https://docs.google.com/forms/d/e/1FAIpQLSeqIaieaVIbiedRjrgBvPhCgH7tgq9y6dn6rVVsztgLcK4Ttg/viewform?usp=sf_link

N3 Mandalay Test Site

https://docs.google.com/forms/d/e/1FAIpQLScd36nm63sPTI_hXCyoQHOMiSdEDR-ZwTaezqlCbOBi4QmLpg/viewform?usp=sf_link

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်းရမည့်သူ စာရင်းအား N3 Level အတွက် (14.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

 JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 

Mandalay N3 level အတွက် သတ်မှတ်လူဦးရေမှာ မနက် 10:03 မိနစ် အချိန် တွင် ပြည့်သွားခဲ့ ပါကြောင်း ကြေငြာအပ်ပါသည်။

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်း ရမည့်သူ စာရင်းအား Mandalay N3 Level အတွက် (14.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေး သွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

 JLPT စာမေးပွဲကျင်းပရေးကော်မတီ

Yangon N3 Level အတွက် Google Application Form Link သို့ တပြိုင်နက်တည်း ဝင်ရောက်သူ လွန်စွာ များပြားသွားပါသောကြောင့် Sever ရပ်တန်သွားပြီး၊ Server သို့ ဝင်ရောက်နိုင်မှုမရှိခြင်း ဖြစ်ပေါ်ခဲ့ပါသည်။

Server သို့ ပြန်လည် Access ပြုလုပ်နိုင်ချိန်တွင် လျှောက်ထားသူ မှတ်တမ်း(log)အား စစ်ဆေးရမှု အရ ပထမဦးဆုံး လျှောက်ထားသူ၏ဖောင် ဝင်ရောက်လာချိန်မှာ 10:00:52(hr:min:sec) ဖြစ်ပြီး၊ နောက်ဆုံး လျှောက်ထားသူ၏ဖောင် ဝင်ရောက်လာချိန်မှာ 10:07:34 ဖြစ်ကာ၊ သတ်မှတ် လူဦးရေ ပြည့်သွားပြီ ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံ
ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-02-24
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717