Myanmar Association of Japan Alumni ( MAJA )

N4 Level (Mandalay) အတွက် လျှောက်ထားရမည့် Google Application Form Link နှင့် Mandalay N4 level အတွက် သတ်မှတ်လူဦးရေ ပြည့်သွား ခဲ့ပါကြောင်း ကြေငြာခြင်း


N4 Level (Mandalay) အတွက် လျှောက်ထားရမည့် Google Application Form Link မှာအောက်ပါ အတိုင်းဖြစ်ပါသည်။
(Mandalay စာဖြေဌာနတွင် ဖြေဆိုမည်သူများသာ ဝင်ရောက်လျှောက်ထားရန်ဖြစ်ပါသည်။)

တစ်ကြိမ်ထက် ပို၍ ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါသောကြောင့် တစ်ဉီးလျှင် တစ်ကြိမ်သာလျှင် လျှောက်ထားရန် အထူးသတိပေးအပ်ပါသည်။ လူတစ်ဦးတည်းမှ () ကြိမ်နှင့်အထက် လျှောက်လွှာဝင်ရောက်လာခြင်း၊  ရန်ကုန်နှင့်မန္တလေး စာဖြေဌာနနှစ်နေရာလုံးတွင် လျှောက်ထားသူများ အား လျှောက်လွှာလက်ခံခြင်းပြုမည် မဟုတ်ပါ။

Google Application Form လျှောက်ထားပြီးဆုံးပါက လျှောက်ထားသည့် Email အကောင့်သို့ လက်ခံ ရရှိကြောင်း Email ဝင်ရောက်လာမည် ဖြစ်ပါသည်။

N4 Mandalay Test Site

https://docs.google.com/forms/d/e/1FAIpQLSfEbf5L_2-dCGxNsbC6s-xRsvZyRE4VwyidSDtNvplMwpJfbA/viewform?usp=sf_link

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်းရမည့်သူ စာရင်းအား N4 Level (Mandalay) အတွက် (15.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

 JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Mandalay N4 level အတွက် သတ်မှတ်လူဦးရေမှာ မနက် 10:22 မိနစ် အချိန် တွင် ပြည့်သွား ခဲ့ပါကြောင်း ကြေငြာအပ်ပါသည်။

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်း ရမည့်သူ စာရင်းအား Mandalay N4 Level အတွက် (15.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

 JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 

 2022-02-25
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717