Yangon N4 Level အတွက် 26.2.2022 ရက်နေ့ ည 7:03မိနစ် အချိန်တွင် ဖောင်လက်ခံခြင်းအား ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။
Google Application Form Link သို့ တပြိုင်နက်တည်း ဝင်ရောက်သူ လွန်စွာများပြားသွားပါသောကြောင့် Sever ရပ်တန်သွားပြီး၊ Server သို့ ဝင်ရောက်နိုင်မှုမရှိခြင်း ဖြစ်ပေါ်ခဲ့ပါသည်။ Server သို့ ပြန်လည် Access ပြုလုပ်နိုင်ချိန်တွင် လျှောက်ထားသူ မှတ်တမ်း(log) အရ ပထမဦးဆုံးဖောင် ဝင်ရောက်ချိန် 10:00:40 (hr:min:sec)ဖြစ်ပြီး၊ နောက်ဆုံးဖောင် ဝင်ရောက်ချိန်မှာ 19:03:28 (hr:min:sec) ဖြစ်ပါသည်။
လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်းရမည့်သူ စာရင်းအား Yangon N4 Level အတွက် (21.3.2022) ရက်နေ့မတိုင်မှီကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
2022-02-27