Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ N4(Yangon) အတွက် လျှောက်လွှာ တင်ထားသူများသို့ အထူး အသိပေးကြေညာခြင်း။


ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက် ၁၀ နာရီ မှ စတင်၍ N4(Yangon) ၏လျှောက်လွှာများကို Google Application Form မှတဆင့် လက်ခံရာတွင်၊ တချိန်တည်းတွင် ဝင်ရောက်သူ လွန်စွာ များပြားခဲ့ပါသောကြောင့် Sever ရပ်တန့်ခြင်းဖြစ်ပေါ်ကာ လျှောက်ထားရန်ခက်ခဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စာမေးပွဲကျင်းပရေး ကော်မတီအနေဖြင့် လျှောက်ထားသူများအား ဉီးစွာပထမ အနူးအညွတ် တောင်းပန်အပ်ပါသည်။ ကိုဗစ်ရောဂါပြန့်ပွားမှုနှင့် အကန့်အသတ်များအကြားတွင် ဂျပန်စာသင်ကြားနေသူများ အကျိုးကိုရှေးရှု၍ ပြုလုပ်နိုင်သည့် အတိုင်းအတာအတွင်း လူအရေအတွက် အများအပြားဖြေဆိုနိုင်ရန်နှင့် စာမေးပွဲအကောင် အထည်ပေါ် ဖြစ်မြောက်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ကိုလည်း နားလည် သဘော ပေါက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

N4(Yangon) လျှောက်လွှာများလက်ခံသည့်အချိန်တွင်၊ တပြိုင်နက်တည်းဝင်ရောက်သူ လွန်စွာများပြားခဲ့ပါသောကြောင့် မထင်မှတ်ထားသည့် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ပြီး သတ်မှတ်ဦးရေထက်ကျော်လွန်သော လျှောက်လွှာများကိုလက်ခံမိသွားပါသည်။

 ယင်းပမာဏသည် စာမေးပွဲဖြေဆိုသူဉီးရေတိုးချဲ့ကျင်းပရန်အတွက် လွန်စွာခက်ခဲသော ပမာဏဖြစ်ပါသဖြင့်၊ ယခုကိစ္စနှင့်ပတ်သတ်ပြီး MAJA နှင့် The Japan Foundation, Yangon မှ တာဝန်ရှိသူများ အရေးပေါ် အစည်းအဝေးကျင်းပပြုလုပ်ကာ နည်းလမ်းရှာဖွေဆွေးနွေးခဲ့သော်လည်း မူလသတ်မှတ်လူဉီးရေထက် တိုးမြှင့် ကျင်းပရန်မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ရပါသည်။ သို့ပါသောကြောင့် သတ်မှတ်လူဉီးရေ (၆၈၀၀) ဉီး ပြည့်ပြီးသည့် "ညနေ၅နာရီ ၂၃မိနစ် ၅၇ စက္ကန့် (17:23:57)" နောက်ပိုင်းတွင် ဝင်ရောက်လာခဲ့သော N4(Yangon) လျှောက်လွှာများသည် ဖြေဆိုခွင့်ရရှိမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ လျှောက်လွှာတင်ရန် အတွက် ပြင်ဆင်မှုနှင့် ခက်ခဲစွာ ကြိုးစားလျှောက်ထားခဲ့ကြသော်လည်း စာမေးပွဲဖြေဆိုခွင့် လျှောက်ထားမှုအား လက်ခံမှု ပြုလုပ်မပေးနိုင်သည့်အပေါ် အနူးအညွတ်တောင်းပန်အပ်ပါသည်။

MAJA အနေဖြင့် လျှောက်လွှာတင်နိုင်ခဲ့ပြီး ယခုစာမေးပွဲတွင် ဖြေဆိုခွင့်မရရှိသည့် N4(Yangon) လျှောက်ထားသူများအား နောက်ကျင်းပမည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲတွင် မိမိတို့ဖြေဆိုလိုသည့် Level အား Online မှတင်ရန်မလိုအပ်ပဲ ဉီးစားပေးဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း ဖြည့်စွက် အသိပေး အပ်ပါသည်။ ယခုစာမေးပွဲတွင်ဖြေဆိုခွင့်မရသည့် N4(Yangon) လျှောက်ထား သူများထံသို့ Email ဖြင့်လည်း တောင်းပန်စာနှင့် ဒီဇင်ဘာလတွင် ဖြေဆိုခွင့်နှင့်ပတ်သတ်ပြီး တစ်ဉီးချင်းထံသို့ အကြောင်းကြား ပေးပို့သွားမည် ဖြစ်ပါသည်။

MAJA အနေဖြင့် ယမန်နှစ်မှ စတင်၍ ကိုယ်ပိုင်အွန်လိုင်းစနစ်ဖြင့် လက်ခံနိုင်ရန် System Development အတွက် ဆောင်ရွက်လျက်ရှိပါသော်လည်း၊ ယခုအကြိမ်တွင်စတင်နိုင်ခြင်းမရှိသေးပါသောကြောင့် Google Form ဖြင့်သာ လက်ခံဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။ နောင်အကြိမ်များတွင် ပိုမိုကောင်းမွန်သောစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေပါကြောင်း အသိပေးအပ်ပါသည်။ နောင်လာမည့်စာမေးပွဲများတွင် ကိုဗစ်ရောဂါများ ကင်းစင် ပြီး လွတ်လပ်စွာစာမေးပွဲကျင်းပနိုင်သည့်  ‌အခြေအနေသို့ ရောက်ရှိလာစေရန် မျှော်လင့်လျက်ရှိပါသည်။ စာမေးပွဲဖြေဆိုခွင့် ရရှိကြသူများသည်ကျန်းမာစွာဖြင့် အောင်မြင်စွာ ဖြေဆို နိုင်ပါစေကြောင်းနှင့် ဖြေဆိုခွင့် မရရှိသူများလည်း အခြားသောစာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုကာ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-03-01
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,719