JLPT 2022 JULY (N4 Yangon Level) စာမေးပွဲကြေး ပေးသွင်းခြင်နှင့် ပတ်သက်၍ ကြေငြာခြင်း (K to M နှင့်စသော အမည်များ)
JLPT 2022 JULY (N4 Yangon Level) ဖြေဆိုခွင့်ရရှိသူများအတွက် အမည်စာရင်းနှင့် Invoice No များကို ပူးတွဲပါအတိုင်း ကြေငြာအပ်ပါသည်။
N4 စာမေးပွဲကြေးအား (၁၈.၃.၂၀၂၂)ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းရာတွင် အောက်ပါ အချက်အလက်များကို Application Form တွင် ဖြည့်သွင်းခဲ့သည့် အတိုင်း သေချာစွာ ဖြည့်သွင်းပေး ရမည် ဖြစ်ပါသည်။
(၁) လျှောက်ထားသူအမည်
(၂) ဆက်သွယ်ရန်ဖုန်းနံပါတ်
(၃) Level
(၄) Test Site
(၅) ငွေပမာဏ 33000 (စာမေးပွဲကြေး + Application Fee)
[AYA Bank မှ ပေးသွင်းသူများသာရိုက်သွင်းရန်လိုအပ်ပါသည်]
(၆) Invoice No
Invoice No အား အောက်ပါအတိုင်း ဖြည့်သွင်းပါ။
KBZ Quick Pay
“Notes” နေရာတွင် “မိမိ Invoice No” ကို ဖြည့်သွင်းပါ။
AYA mBanking
“Test Level & Place” နေရာတွင် “N4 (Test Place) (မိမိ Invoice No)” ဟု ဖြည့်သွင်းပါ။ ဥပမာ “N4 Yangon N410123)”
ငွေပေးသွင်းမှု လမ်းညွှန်အား အောက်ပါ လင့်များတွင် ကြည့်ရှုနိုင်ပါသည်။
<AYA>
https://drive.google.com/.../1dC7qXHKZE7MZ0XNPJ7Z.../view...
<KBZ>
https://drive.google.com/.../18IbARscI4NXtwQ4u2uu.../view...
Online မှတဆင့် ငွေပေးသွင်းရန် အခက်အခဲရှိသူများအနေဖြင့်-
ရန်ကုန် - 09-986 093 637၊ 09-980 446 834
မန္တလေး - 09-255 162 533 ဖုန်းသို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။
ဖော်ပြပေးထားသော လမ်းညွှန်များကိုသေချာစွာ ဖတ်ရှု၍တိကျစွာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးနိုင်ပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
JLPTစာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)