Myanmar Association of Japan Alumni ( MAJA )

ဂျပန်သီချင်းဆိုပြိုင်ပွဲ ၂၀၂၅ အတွက် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း (အကြိုရွေးချယ်ပွဲ - ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ)


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်) - ဂျပန်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်း (MAJA) တို့ ပူးပေါင်း၍ "ဂျပန်သီချင်းဆိုပြိုင်ပွဲ ၂၀၂၅" ကို ကျင်းပမည်ဖြစ်ပါသည်။ အစောဆုံး လျှောက်ထားသူ (၁၀၀) ဦး ထဲမှ နောက်ဆုံး ဆန်ခါတင် (၁၀) ဦး ကသာ မတ်လ (၂) ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၌ ကျင်းပမည့် နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ရမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ ပြိုင်ပွဲဝင် အများအပြား ဝင်ရောက် ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက် ရှိပါသည်။

 အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် ကြည့်နိုင်ပါသည်။
မြန်မာဘာသာ : https://www.mm.emb-japan.go.jp/.../20250124_Utacon_mm.html
ဂျပန်ဘာသာ : https://www.mm.emb-japan.go.jp/.../20250124_Utacon_ja.html
在ミャンマー日本国大使館は、国際交流基金ヤンゴン日本文化センターとミャンマー元日本留学生協会(MAJA)との共催で、「日本語うたコンテスト2025」を開催します。先着100名の応募者のうち、予選を通過した10名が、3月2日(日)にヤンゴン市内で開催される日本語うたコンテスト本選に出場することができます。皆様の応募をお待ちしております。
  詳細はホームページをご覧ください。
ミャンマー語 : https://www.mm.emb-japan.go.jp/.../20250124_Utacon_mm.html
日本語 : https://www.mm.emb-japan.go.jp/.../20250124_Utacon_ja.html
*******

ဂျပန်သီချင်းဆိုပြိုင်ပွဲ ကို စိတ်ပါဝင်စားကြသော ပြိုင်ပွဲဝင်များအားလုံး လျှောက်လွှာဖြည့်ရာတွင် အောက်ပါအချက်ကို သတိပြုစေလိုပါသည်။
လျှောက်လွှာဖောင်၏ "10.မိမိတို့ရိုက်ကူးထားသော သီချင်းအဆိုပြိုင်ထားသည့် ဗီဒီယိုလင့်ခ်" နေရာတွင် ဗီဒီယိုမရှိခြင်း၊ မိမိပါဝင်သီဆိုနေသော ဗီဒီယို မဟုတ်ခြင်း အစရှိသည့် လျှောက်လွှာတင်သွင်းမှုပုံစံနှင့် မကိုက်ညီသော လျှောက်ထားသူများကို ထည့်သွင်းရွေးချယ်မည် မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့် လျှောက်ထားသူများအနေဖြင့် မိမိပါဝင်သီဆိုထားသော ဗီဒီယိုကို လျှောက်လွှာမတင်မီ YouTube တွင် တင်ပြီးမှသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 2025-01-27 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,459