နွေကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသားလူငယ်တို့ အကျိုးရှိရှိ ပညာဆည်းပူးလေ့လာနိုင်မယ့် အခွင့်အရေး
နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်မှာ ကျောင်းသားလူငယ်တို့ အကျိုးရှိရှိ ပညာဆည်းပူးလေ့လာနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ကို MAJA Education Centre မှ ယူဆောင်လာပြီ ဖြစ်ပါတယ်။
တိုးတက်လာတဲ့ ခေတ်နှင့်အညီ ဂျပန်စာကို ကျောင်းသားလူငယ်တိုင်း ရင်းနှီးကျွမ်းဝင်စေဖို့ ရည်ရွယ်ကာ ဂျပန်စာအခြေခံစကားပြောအပြင် Personal Development ကိုပါ တိုးတက်အောင် လေ့ကျင့်ပေးသွားမည့် “Japanese Basic Speaking & Personal Development” အတန်းအား ဖွင့်လှစ်ပေးလိုက်ပါပြီ။
ဒီအတန်းလေးကိုတော့ “အသက် (၁၂) နှစ်မှ (၁၆) နှစ်အတွင်း” ရှိ ကျောင်းသားလူငယ်တိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး ပညာဒါနဖြစ်တာကြောင့် မည်သူမဆို လေ့လာသင်ကြားနိုင်မှာလည်း ဖြစ်ပါတယ်။
Course Details
=============
► Basic Japanese
► General Knowledge about Japan
► Basic Leadership and Management
► Public speaking and Presentation Skills
► Personal Development
သင်ထောက်ကူပစ္စည်းဖိုး “(၁၅,၀၀၀) ကျပ်မှအပ” သင်တန်းကြေးအခမဲ့ လေ့လာနိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ “မတ်လ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ” ဖြစ်ပါတယ်။
အတန်းအား တက်ရောက်ရန် စိတ်ပါဝင်စားသူကျောင်းသားလူငယ်များ၊ ကျောင်းသားမိဘများအနေဖြင့် MAJA Education Centre သို့ မိဘအုပ်ထိန်းသူနှင့်အတူ ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံယူဆောင်ကာ လူကိုယ်တိုင်လာရောက်လျှောက်ထားရပါမည်။
လျှောက်ထားသူများအနက် သင်တန်းတက်ရောက်ရန် အရွေးချယ်ခံရသူများစာရင်းကို မတ်လ (၂၁) ရက်နေ့တွင် ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည်။
Campus Address - No.(440-B)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (တောင်ဥက္ကလာပတရားရုံးဘေးလမ်းသွယ်မှ ဝင်ရန်)