Myanmar Association of Japan Alumni ( MAJA )

ယာယီရုံးခန်းနေရာ သတ်မှတ်ကြေငြာခြင်း (မန္တလေးရုံးခွဲ)


ဖြစ်ပွားခဲ့သော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် မူလ ဖွင့်လှစ်ထားသော MAJA မန္တလေးရုံးခွဲ- “အမှတ်-၁၊ အခန်း-၆၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး” လိပ်စာအား ယာယီပိတ်ထားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ JLPT/TOPJ/EJU အောင်လက်မှတ်များထုတ်ယူခြင်း၊ အသင်းဝင်ကိစ္စများ ဆောင်ရွက်ခြင်း စသည့် ကိစ္စရပ်များဆောင်ရွက်နိုင်ပါရန် MAJA မန္တလေး ယာယီရုံးခန်းအား “KMC ကိုယ်ပိုင်အထက်တန်းကျောင်း၊ 65လမ်းနှင့် 43လမ်းထောင့်၊ မန္တလေး” လိပ်စာဖြင့် ၂၂.၄.၂၀၂၅ ရက်နေ့မှ ၂၂.၅.၂၀၂၅ ရက်နေ့အထိ ယာယီဖွင့်လှစ်ထားမည်ဖြစ်ပါသည်။
 
ယာယီရုံးခန်းတွင်ရရှိနိုင်သောကိစ္စများ
- JLPT အောင်လက်မှတ်ထုတ်ယူခြင်း  (၂၀၂၄ ဇူလိုင်လနှင့် ၂၀၂၄ ဒီဇင်ဘာလ စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ထားသူများ)
- EJU ရလဒ်ထုတ်ယူခြင်း (၂၀၂၄ နိုဝင်ဘာလ စာမေးပွဲအထိ)
- TOP J ရလဒ်ထုတ်ယူခြင်း (၂၀၂၄ ဇန်နဝါရီလ စာမေးပွဲအထိ)
- အသင်းဝင်ခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်း
ဖွင့်ရက်     ။     ။ တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။ မနက် ၉း၃၀ မှ ညနေ ၄း၀၀ ထိ။ ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ ပိတ်ပါသည်။
ဖုန်း/viber ။    ။ ၀၉-၂၅၅ ၁၆၂ ၅၃၃

ဖြစ်ပွားခဲ့သော အခြေအနေများအတွင်း ပြောင်းရွေ့ခဲ့ရခြင်းဖြစ်ပါသောကြောင့် မူလအခြေအနေများအတိုင်း ဝန်ဆောင်မှုမပေးနိုင်သည်ကိုလည်း နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နောက်ဆက်တွဲ အပြောင်းအလဲများရှိပါက ထပ်မံကြေငြာပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-04-24 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,393