ယာယီရုံးခန်းနေရာ သတ်မှတ်ကြေငြာခြင်း (မန္တလေးရုံးခွဲ)
ဖြစ်ပွားခဲ့သော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် MAJA မန္တလေးရုံးခွဲအား “KMC ကိုယ်ပိုင်အထက်တန်းကျောင်း၊ 65လမ်းနှင့် 43လမ်းထောင့်၊ မန္တလေး”လိပ်စာတွင် ၂၂.၄.၂၀၂၅ မှ ၂၂.၅.၂၀၂၅ ရက်နေ့ထိ ယာယီဖွင့်လှစ်ခဲ့ပါသည်။
ယခုတွင် ယာယီရုံးခန်းအား အောက်ပါလိပ်စာသို့ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။
"၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း"
၂၆.၅.၂၀၂၅ မှစ၍ ရုံးခန်းအသစ်တွင် အောက်ပါဝန်ဆောင်မှုများအပြင် မူလဝန်ဆောင်မှုများကိုပါ ရယူနိုင်မည် ဖြစ်ပါသည်။
- JLPT အောင်လက်မှတ်ထုတ်ယူခြင်း (၂၀၂၄ ဇူလိုင်လနှင့် ၂၀၂၄ ဒီဇင်ဘာလ စာမေးပွဲများတွင် ဖြေဆိုအောင်မြင် ထားသူများ)
- EJU ရလဒ်ထုတ်ယူခြင်း (၂၀၂၄ နိုဝင်ဘာလ စာမေးပွဲအထိ)
- TOP J ရလဒ်ထုတ်ယူခြင်း (၂၀၂၄ ဇန်နဝါရီလ စာမေးပွဲအထိ)
- အသင်းဝင်ခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်း
ဖွင့်ရက် ။ ။ တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။ မနက် ၉း၃၀ မှ ညနေ ၄း၀၀ ထိ။ ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ ပိတ်ပါသည်။
ဖုန်း/ Viber ။ ။ ၀၉ - ၂၅၅ ၁၆၂ ၅၃၃
ဖြစ်ပွားခဲ့သော အခြေအနေများအတွင်း ပြောင်းရွေ့ခဲ့ရခြင်းဖြစ်ပါသောကြောင့် မူလအခြေအနေများအတိုင်း ဝန်ဆောင်မှုမပေးနိုင်သည်ကိုလည်း နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နောက်ဆက်တွဲ အပြောင်းအလဲများ ရှိပါက ထပ်မံကြေငြာပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း