Myanmar Association of Japan Alumni ( MAJA )

အတောက်ပဆုံး လင်းလက်နေမယ့် မိမိအနာဂတ်အတွက် မဖြစ်မနေ တက်ရောက်သင့်သည့် “Self-Analysis Workshop” (MAJA Education Centre ကျောင်းသားဟောင်းများ FREE ENTRY)


သင့်ရဲ့ တစ်မူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အလဟာသမဖြစ်စေဘဲ အစွမ်းကုန် အသုံးချနိုင်အောင်၊ အသုံးချတတ်အောင် လေ့ကျင့်ပေးသွားမယ့် “Self-Analysis Training Workshop” က အနီးတကမ်းမှာ ရောက်လို့လာပြီနော် . . .။

 ဒီ Training Workshop ကို တက်ရောက်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်း ပိုမိုတိုးတက်လာကာ မိမိရဲ့ အရည်အချင်းကောင်းတွေကိုလည်း တွေ့မြင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်ချင်တဲ့ အိပ်မက်တွေကိုလည်း ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။

► DAW KAY ZIN WINT (Mosar Kay)
▪️Bachelor of Arts (Japanese, MUFL)
▪️Bachelor of Arts (International Relations, KOKUSHIKAN University, Tokyo)
Self-Analysis Workshop
====================
Date : 21st July 2025 & 28th July 2025
Time : 10 AM ~ 12 PM
Location : MAJA Education Centre Campus (HALL ROOM)
Entry Fees : (Only 30,000 MMK For 2 Days)

သတင်းကောင်းတစ်ခုအနေနဲ့ MAJA Education Centre မှာ EJU အတန်းတက်ရောက်ဖူးတဲ့ ကျောင်းသား/သူဟောင်းများအနေနဲ့ ဝင်ကြေး (အခမဲ့) ဖြင့် တက်ရောက်နိုင်မှာပါ။

ပညာသင်ကြားတဲ့အရွယ်ကစလို့ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေအားလုံး မိမိကိုယ်ကိုယ် နားလည်နိုင်စွမ်း၊ ရည်မှန်းချက် ပန်းတိုင်ကို တိကျရှင်းလင်းစွာ သိရှိနိုင်စွမ်းတွေကို MAJA Education Centre နဲ့အတူ ထုတ်ဖော်နိုင်မှာဖြစ်လို့ စာရင်းပေးသွင်း တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Google Form : https://forms.gle/uF8xEaqJBQXp1ikv8
 (လူဦးရေ ၂၀ ဦးသာ ခေါ်ယူမည်ဖြစ်သောကြောင့် အမှန်တကယ်တက်ရောက်နိုင်သူများသာ စာရင်းပေးသွင်းကြပါရန်နှင့် စာရင်းသွင်းပြီးသူများအနေဖြင့် Cancel လုပ်ခွင့်မပြုပါ။)

 2025-07-11 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,392