Myanmar Association of Japan Alumni ( MAJA )

Research Proposal Writing and Basic Research Methodology Seminar


သုတေသနပညာရပ်များကို စိတ်ဝင်စားသောလူငယ်များနှင့် တက္ကသိုလ်၊ ပညာသင်ဆုများ လျှောက်ရာတွင် လိုအပ်သော research proposal များရေးသားရာတွင် အထောက်အကူ ပြုရန်အတွက် မာဂျာပညာရေးစင်တာ (MAJA Education Centre) မှ Research Proposal Writing and Basic Research Methodology Seminar လေး စီစဉ်ပေးလိုက်ပါတယ်။

ဒီ Seminar မှာ ပါဝင်ဆွေးနွေးပေးမယ့်သူကတော့ ဂျပန်နိုင်ငံ နီးဂတတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာကောင်းမြတ်သွင်ပဲဖြစ်ပါတယ်။

► ဆရာဟာဆိုရင် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် သွားဘက်ဆိုင်ရာ သုတေသနဆောင်းပါးများစွာ ရေးသားတင်ပြနေသူဖြစ်ပြီး လက်ရှိတွင်လည်း သုတေသန ပရောဂျက်များစွာလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီ Seminar လေးကို (သင်တန်းကြေး - အခမဲ့) စာရွက်စာတမ်းကြေး - ၁၀,၀၀၀ ကျပ်ဖြင့် အောက်ပါအတိုင်း စီစဥ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

♦ နေ့ရက်။ ။  ၂၇/၉/၂၀၂၅ (စနေနေ့)
♦ အချိန်။  ။  နံနက် ၉နာရီမှ နေ့လည် ၁၂နာရီထိ
♦ နေရာ။  ။   MAJA Education Centre (HALL ROOM)
အမှတ် (၄၄၀၊ ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

သင်တန်းသားဦးရေ “(၅၀) ဦးအထိ” သာလက်ခံသွားမှာမို့ ဂျပန်နိုင်ငံတွင် ဘွဲ့လွန်သင်တန်း တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် အချိန်မီ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်။

 2025-09-13 00:00:00
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,459