Myanmar Association of Japan Alumni ( MAJA )

The Japan Foundation, Yangon နှင့် MAJA တို့ ပူးပေါင်းကာ ဂျပန်ဘာသာစကား သီးခြားစွမ်းရည်သင်ကြားရေးနည်းစနစ် မွမ်းမံသင်တန်း ကျင်းပခြင်း 


ဂျပန်ဘာသာ သင်ကြားနေသော မြန်မာလူမျိုးဆရာ၊ ဆရာမများ မျှော်လင့်တောင်းဆိုနေကြတဲ့ ဂျပန်ဘာသာစကား သီးခြားစွမ်းရည်သင်ကြားရေးနည်းစနစ် မွမ်းမံသင်တန်း ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ယခုတစ်ကြိမ်မှာတော့The Japan Foundation, Yangon နှင့် MAJA တို့ ပူးပေါင်းကာ -
 
► ဂျပန်ဘာသာသင်ယူနေသူများရဲ့ စကားပြောစွမ်းရည်ကို ဘယ်လို ပျိုးထောင်ပေးရမလဲ၊
►Level အလိုက် လေ့ကျင့်သင်ကြားနည်းလမ်းတွေကို ဘယ်လိုပြောင်းလဲအသုံးပြုသင့်လဲ စတာတွေကို မိတ်ဆက် လေ့ကျင့်ဝေမျှသွားမှာ ဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းပြီး ထိရောက်တဲ့ အတန်းလေးတွေကို ဘယ်လိုဖန်တီးနိုင်မလဲ ဆိုတာ လေ့လာနိုင်ဖို့ ဂျပန်စာသင်ကြားသူ ဆရာ/ဆရာမများအားလုံး တက်ရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ။

♦ နေ့ရက်                          
– ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့)  
♦ အချိန်                            
– ၉:၀၀ မှ ၁၂:၀၀ အထိ (မြန်မာစံတော်ချိန်)
♦ တက်ရောက်နိုင်သူများ      
– ဂျပန်ဘာသာသင်ကြားနေသော ဆရာဆရာမများ
(JLPT N3 နှင့်အထက်) (※ဂျပန်ဘာသာသင်ယူနေသော ကျောင်းသားများ ပါဝင်၍မရပါ။)
♦ ကျင်းပမည့်နည်းလမ်း       
– လက်တွေ့အပြင်သင်တန်း (face-to-face)
♦ သင်တန်းကြေး.         
– အခမဲ့
♦ နေရာ                            
– MAJA Education Centre - အမှတ် (၄၄၀-ဘီ)၊ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊    တောင်ဥက္ကလာပမြို့နယ်။
♦ ဘာသာစကား                 
– ဂျပန်ဘာသာစကားကို အဓိကအသုံးပြုပြီး ကျင်းပမည်ဖြစ်သည်။

(မေတ္တာရပ်ခံချက် – တက်ရောက်လိုသူများသည် လျှောက်လွှာ Registration ကို ပြုလုပ်ရမည်ဖြစ်ပြီး
*လူဦးရေ (၃၅) ဦးသာ သတ်မှတ်ထားပါသဖြင့် လျှောက်ထားသတ်မှတ်ရက်ထက်စော၍ ဖောင်ပိတ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။  
*ပါဝင်ခွင့်ရရှိကြောင်း အကြောင်းကြားသည့် Email သည် Spam Folder သို့ ရောက်နေတတ်ပါသဖြင့် စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
 
လျှောက်ထားခြင်း – အောက်ဖော်ပြပါ Link မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် – https://forms.gle/fm1zS4APouZR4RiT6
 
နောက်ဆုံးလျှောက်ထားနိုင်သောနေ့ရက် – စက်တင်ဘာလ ၂၂ ရက် (တနင်္လာနေ့) ညနေ ၄နာရီ (မြန်မာစံတော်ချိန်)
 
ဆက်သွယ်စုံစမ်းရန် – MAJA Education Centre
ဖုန်း - 09-428 613 848

 2025-09-14 00:00:00
သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း
visitors :      225,692