Myanmar Association of Japan Alumni ( MAJA )

ရုံးခန်းပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခြင်း (မန္တလေးရုံးခွဲ)


ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် MAJA မန္တလေးရုံးခွဲအား “၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း”လိပ်စာတွင် ၂၆.၅.၂၀၂၅ ရက်နေ့မှ ၃၁.၁၂.၂၀၂၅ ရက်နေ့ထိ ယာယီဖွင့်လှစ်ခဲ့ပါသည်။

ယခုတွင် ရုံးခန်းအား နဂိုလိပ်စာ (အောက်ပါလိပ်စာ) တွင် ပြန်လည်ဖွင့်လှစ် ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

“ရေလမ်း၊ တိုက် (၁) ၊ အခန်း (၆) ၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။"

၅.၁.၂၀၂၆ ရက်နေ့မှစ၍ အထက်ပါရုံးခန်းတွင် ဝန်ဆောင်မှုများ ရယူနိုင်မည် ဖြစ်ပါသည်။
ရုံးဖွင့်ရက် ။ ။ တနင်္လာ မှ သောကြာနေ့ အထိ။ (အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။)
ရုံးဖွင့်ချိန် ။  ။ နံနက် ၉း၃၀ မှ ညနေ ၄း၀၀ ထိ။ (ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ ပိတ်ပါသည်။)
ဖုန်း/ Viber ။ ။ ၀၉ - ၂၅၅ ၁၆၂ ၅၃၃

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2026-01-06 00:00:00
(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲ
visitors :      244,814