နွေရာသီအားလပ်ရက်မှာ သားသားမီးမီးတို့ကို ဘာသာစကား စွမ်းရည်ပညာရပ်တစ်ခု တတ်မြောက်စေဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရေးအတွက် စဉ်းစားနေသော မိဘများအတွက် သတင်းကောင်း
ကျောင်းတွေလည်းပိတ်ပြီဆိုတော့ ဒီအားလပ်ရက်အတွင်း မိမိ၏ကလေးငယ်များအတွက် ပညာရပ်တစ်ခုခုကို အကျိုးရှိရှိလေ့လာစေချင်သူမိဘများအတွက် MAJA Education Centre မှ “ဂျပန်စာအခြေခံနှင့်လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်း” အား မတ်လတွင် ပညာဒါနအဖြစ်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။
ယခု ဖွင့်လှစ်မည့် ဂျပန်စာ ပညာဒါနအတန်းအား -
► အသက် (၁၀) နှစ်မှ (၁၅) နှစ်အရွယ် သားသားမီးမီးတို့ တက်ရောက်နိုင်ပြီး
❗️ ဂျပန်စာ သင်ကြားထားခြင်းမရှိဖူးသူများအား ဦးစားပေး တက်ရောက်ခွင့်ပြုသွားမှာပဲဖြစ်ပါတယ်။
ဒီပညာဒါနအတန်းကို တက်ရောက်ခြင်းဖြင့် -
► အားလပ်ချိန်များတွင် Skill အသစ်တစ်ခု ပိုင်ဆိုင်နိုင်ခြင်း၊
► ဂျပန်စာနှင့် ရင်းနှီးမှုရရှိစေကာ ဘာသာစကားအသစ်တစ်ခုဖြင့် ထိတွေ့ခွင့်ရရှိခြင်း၊
► အတန်းပြီးမြောက်ပြီး MAJA Education Centre မှ စစ်ဆေးမည့် ဂျပန်စာအခြေခံစာမေးပွဲအား အောင်မြင်သူများအနေနဲ့ ဂျပန်စာ N5 Level အတန်းသင်တန်းကြေးကို Discount ဖြင့် ဆက်လက်တက်ရောက်နိုင်ခြင်း၊
► ဂျပန်ဘာသာအပြင်လူငယ်များအတွက်လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးဆိုင်ရာများလည်းတပါးတည်းသင်ကြားပေးမှာမို့အမြန်ဆုံးလာရောက်အပ်နှံထားသင့်ပါတယ်။
သင်တန်းစဖွင့်မည့်ရက် - ၁၂.၃.၂၀၂၆ (ကြာသပတေးနေ့)
သင်တန်းချိန် - ကြာသပတေး၊ သောကြာ (မနက် ၁၀ နာရီမှ ၁၁း၃၀ နာရီထိ)
သင်တန်းကာလ - (၁) လ
စာရွက်စာတမ်းကြေး - ၂ သောင်းကျပ်
အတန်းအပ်နှံရန်လင့် - https://forms.gle/M2364y1fHRH1jvJe7
တစ်လတာအတွင်း အခြေခံဂျပန်စာအပြင် သိထားသင့်သော ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ အခြေခံဗဟုသုတများ၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရေး သင်ခန်းစာများနှင့်ပါ ရောနှောပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် သင်ကြားပေးသွားမှာဖြစ်ပြီး
ကလေးများနှင့်အတူ Activity များလုပ်ခြင်း၊ ဂိမ်းကစားခြင်းတို့ဖြင့် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ လေ့လာသင်ယူနိုင်မယ့် စာသင်ရပ်ဝန်းလေးအဖြစ် MAJA Education Centre မှ ဖန်တီးပေးသွားမှာပါ။
ဒါကြောင့် ကလေးတို့ရဲ့ နွေရာသီအားလပ်ချိန်ကို နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ ရပ်ဝန်းလေးဖြစ်တဲ့ MAJA Education Centre ကျောင်းတော်မှာ ဂျပန်စာသင်ယူရင်း အကျိုးရှိရှိဖြတ်သန်းနိုင်စေဖို့ ဖေဖေ၊ မေမေတို့အားလုံး အခုပဲ မြန်မြန်လေး Google Form ကတဆင့် စာရင်းပေးသွင်းလိုက်တော့နော် . . . ။
㊗️ အနာဂတ်ပညာရေးလှပဖို့ . . . မာဂျာစင်တာနဲ့လက်တွဲစို့ ㊗️
► Free Consultation ရယူရန်နှင့် အတန်းများစုံစမ်းရန် >> 09 428 613 848
► အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)
► Telegram Channel : https://t.me/majaeducentre
► Tiktok : https://www.tiktok.com/@majaeducationcent8?_r=1&_t=ZS-93CHQRo9TwG
