Myanmar Association of Japan Alumni ( MAJA )

Research proposal ပြင်ဆင်ရေးသားရတာ ခက်ခဲတဲ့ အလုပ်တစ်ခုလို့ မြင်တုန်းပဲလား?


Research proposal ပြင်ဆင်ရေးသားရတာ ခက်ခဲတဲ့အလုပ်တစ်ခုလို့မြင်တုန်းပဲလား ❓
How to write research proposal effectively From Idea to Achievement

နယ်ပယ်အသီးသီးတွင် ဘွဲ့လွန်ပညာရပ်များအား ဆက်လက်လေ့လာသင်ယူဖို့ရန်အတွက် တက္ကသိုလ်များ ဝင်ခွင့်လျှောက်ရာမှာ Research Proposal ရေးသားခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

✅ ထို့အတူ ဘွဲ့လွန်ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားရာတွင်လည်း Research Proposal အား ကောင်းမွန်စွာ ရေးသားတင်ပြနိုင်မှုသည် များစွာအရေးပါပါသည်။ ဒါကြောင့် Research Proposal ကောင်းတစ်ခု စဉ်းစားတွေးခေါ်ရေးသားနိုင်ရန်အတွက် လိုအပ်တဲ့ အသိပညာများကို MAJA Education Centre မှ ဖြည့်ဆည်းကူညီပေးဖို့ စီစဉ်ထားပါသည်။

နှစ်ရက်တာ ပြုလုပ်ပေးသွားမည့် “Research Proposal Special Lecture” မှာ ဂျပန်နိုင်ငံ နီးဂတတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာကောင်းမြတ်သွင်မှ အဓိကပါဝင်ဆွေးနွေးပေးသွားပါမည်။

ဒီ Special Lecture တွင် ဆရာကောင်းမြတ်သွင်မှ Research Proposal ကောင်းတစ်ခုဖြစ်လာဖို့ စဉ်းစားတွေးခေါ်ပုံ၊ ရေးသားနည်းစွမ်းရည်တို့အကြောင်း သေချာမျှဝေ ပေးသွားမည်ဖြစ်ပြီး ပါဝင်သူများမှလည်း Dissuasion Session များဖြင့် ဝင်ရောက်ဆွေးနွေးနိုင်မှာလည်း ဖြစ်ပါသည်။   

ဒါကြောင့် ဘွဲ့လွန်ပညာသင်ယူလိုသူများသာမကဘဲ အခြားသော ပညာသင်ဆုများပါ လျှောက်ထားလိုသူများအားလုံး ပါဝင်တက်ရောက်သင့်ပြီး လူဦးရေ (၅၀) ဦးအထိသာ လက်ခံသွားမှာပဲဖြစ်ပါသည်။

နေ့ရက် ။   ။ ၇.၃.၂၀၂၆ (စနေနေ့)၊ ၈.၃.၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် ။    ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီမှ ၅ နာရီခွဲထိ
                (ဂျပန်စံတော်ချိန် ညနေ ၆ နာရီခွဲမှ ည ၈ နာရီထိ)
သင်ကြားမှုပုံစံ ။  ။ ZOOM Virtual Online Platform
သင်တန်းကြေး ။  ။ ၅ သောင်းကျပ်
လျှောက်ထားရန်လင့် ။  ။ https://forms.gle/1p16Xc1zHM9esqdK6

 2026-02-25 00:00:00
(1) Research proposal ပြင်ဆင်ရေးသားရတာ ခက်ခဲတဲ့အလုပ်တစ်ခုလို့မြင်တုန်းပဲလား? (2) နွေရာသီအားလပ်ရက်မှာ သားသားမီးမီးတို့ကို ဘာသာစကားစွမ်းရည်ပညာရပ်တစ်ခု တတ်မြောက်စေဖို့နဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရေးအတွက်စဉ်းစားနေသော မိဘများအတွက် သတင်းကောင်း
visitors :      254,496