Myanmar Association of Japan Alumni ( MAJA )

အားလုံး စောင့်မျှော်နေကြတဲ့ EJU အတန်းများ (In Person)


အားလုံး စောင့်မျှော်နေကြတဲ့ EJU အတန်းအပ်များ စတင်လက်ခံပါတော့မယ်နော်။ (In Person အတန်း) (သင်တန်းကြေး Scholarship ပါ လျှောက်ထားနိုင်မည့် အခွင့်အရေး)

မြန်မာနိုင်ငံမှာတင် EJU စာမေးပွဲရလဒ်နဲ့အတူ Pre-arrival Admission နဲ့ ဂျပန်နိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်တက်ရောက်ချင်သူများ၊ MEXT Scholarship အပါအဝင် အခြားသောပညာသင်ဆုများ လျှောက်ထားချင်သူများအတွက် (၁၁) လပိုင်း EJU စာမေးပွဲအမီ စနစ်တကျကြပ်မက်ပြင်ဆင်ပေးမယ့် EJU Exam Preparation အတန်းများ တက်ရောက်နိုင်ပါပြီ။

ဘယ်သူတွေတက်ရောက်သင့်လဲ။

⭕️ မြန်မာနိုင်ငံ ပညာရေး စနစ်ဟောင်း တက္ကသိုလ် (ပထမနှစ်) ပြီးထားသူများ၊
⭕️ စနစ်သစ် (၁၂) တန်းအောင် ကျောင်းသား/သူများ၊ (၁၂ တန်း ဖြေဆိုထားပြီးသူများလည်း တက်ရောက်နိုင်သည်။)
⭕️ IGCSE (A) Level, GED ပြီးထားသူများ၊
⭕️ ဂျပန်နိုင်ငံတွင် တက္ကသိုလ်တက်ရောက်ချင်သူများ၊ Language School မလိုဘဲ တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့်ရချင်သူများ၊
⭕️ ပညာသင်ဆု Scholarship လျှောက်ထားချင်သူများ အားလုံးတက်ရောက်သင့်ပါတယ်။

EJU (In Person) အတန်းတွင် သင်ကြားမည့် ဘာသာရပ်များ
==================================
✅ Japanese As A Foreign Languages – JFL (အနည်းဆုံး ဂျပန်စာ N3 အောင်မြင်ပြီး N2 သင်ကြားနေသူဖြစ်ရန်လိုသည်။)
✅ Physics
✅ Mathematics (Course II) – Maths 2

► သင်တန်းစမည့်ရက် - ၁၅.၆.၂၀၂၆
► သင်တန်းကာလ - (၆) လ
► သင်တန်းကြေး - တစ်ဘာသာလျှင် ၆ သိန်းကျပ် + ဖတ်စာအုပ်ကြေး

အတန်းအပ်နှံလိုသူများအနေဖြင့် အောက်ပါ Application Form အား ဖြည့်စွက်ကာ Kpay မှတဆင့် သင်တန်းကြေးပေးသွင်းအပ်နှံနိုင်ပါသည်။
➡️ သင်တန်းအပ်နှံရန်လင့် - https://forms.gle/2P1QREDH7cKxKWfu5

ယခုဖွင့်လှစ်မည့် EJU (In Person) အတန်းကို “သင်တန်းကြေး ပညာသင်ဆု” ဖြင့် တက်ရောက်နိုင်မယ့် အခွင့်အရေးအား MAJA Education Centre မှ ပေးအပ်သွားမှာ ဖြစ်လို့ ပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အောက်ပါ Google Form မှတဆင့် စာရင်းပေးသွင်းလျှောက်ထားနိုင်ပါသည်။  
➡️ Scholarship လျှောက်ထားရန်လင့် - https://forms.gle/LLJdhkvku6ThU7uG7

ပညာသင်ဆုလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအား [ပထမအဆင့် Essay ရေးသားမှုအပိုင်းနှင့် ဒုတိယအဆင့် လူတွေ့အင်တာဗျူးတို့ဖြင့် ရွေးချယ်စိစစ် သွားမည်ဖြစ်ပါသည်။]

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုသည်များနှင့် မေးမြန်းစုံစမ်းလိုသည်များကို -
➡️ MAJA Education Centre ၏ ရုံးဖုန်း (09 428 613 848) သို ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Viber မှ တဆင့်မေးမြန်း၍ဖြစ်စေ စုံစမ်းနိုင်ပါသည်။ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့ : မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း)

⇒ Campus Address : အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)


 2026-05-06 00:00:00
1. အားလုံး စောင့်မျှော်နေကြတဲ့ EJU အတန်းများ (In Person) 2. ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ
visitors :      271,837