Myanmar Association of Japan Alumni ( MAJA )

လူဦးရေအကကန့်အသတ်ဖြင့် ဖွင့်လှစ်သွားမည့် MAJA Education Centre ၏ “EJU ZOOM” အတန်းများ


EJU Exam Preparation Class အား In Person အတန်းများအပြင် ဂျပန်ရောက် ကျောင်းသား၊ ကျောင်းသူများနဲ့ ရပ်ဝေးမှ ကျောင်းသားလူငယ်များ တက်ရောက်သင်ယူနိုင်ဖို့ ZOOM Online အတန်းများအဖြစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်

EJU အတန်းကို ဘယ်သူတွေတက်ရောက်သင့်လဲ ?
⭕️ မြန်မာနိုင်ငံ ပညာရေး စနစ်ဟောင်း တက္ကသိုလ် (ပထမနှစ်) ပြီးထားသူများ၊
⭕️ စနစ်သစ် (၁၂) တန်းအောင် ကျောင်းသား/သူများ၊
⭕️ IGCSE (A) Level, GED ပြီးထားသူများ၊
⭕️ ဂျပန်နိုင်ငံတွင် တက္ကသိုလ်တက်ရောက်ချင်သူများ၊ Language School မလိုဘဲ တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့်ရချင်သူများ လျှောက်ထားချင်သူများ အားလုံးတက်ရောက်လိုရပါတယ်။

► တက်ရောက်နိုင်မည့် ဘာသာရပ်များ
===============================

  • Japanese As A Foreign Language (JFL)
  • Physics
  • Chemistry
  • Biology
  • Maths 1
  • Maths 2
  • Japan & The World

➡️ Japanese as a Foreign Language (JFL) နှင့် Japan & The World ဘာသာရပ်တိုသည် ဂျပန်ဘာသာသင်ရိုးဖြင့်သာ သင်ကြားမည် ဖြစ်ပါသောကြောင့် လျှောက်ထားသူများသည် ဂျပန်စာအရည်အချင်း “N3 အောင်မြင်ပြီး N2 သင်ကြားနေဆဲ” ဖြစ်ရန် လိုအပ်ပါသည်။

ဝိဇ္ဇာတွဲ ယူမည့် ကျောင်းသား/သူများ ရွေးချယ်တက်ရမည့် ဘာသာရပ်များ - JFL, Japan & The World, Maths 1 (Course I)
သိပ္ပံတွဲ ယူမည့် ကျောင်းသား/သူများ ရွေးချယ်တက်ရမည့် ဘာသာရပ်များ - JFL, Science 2 Subjects (Physics or Chem or Bio), Maths 2 (Course II)
❓ဘာသာရပ်ရွေးချယ်မှုအကြောင်း ဖတ်ရှုရန် - https://www.facebook.com/share/p/1BqjeL2BZh/

► သင်တန်းအကြောင်း အသေးစိတ်
============================
သင်တန်းစတင်ဖွင့်မည့်ရက် : 15.6.2026
သင်တန်းကာလ : (6) လ
သင်တန်းကြေး : တစ်ဘာသာလျှင် 6 လစာအတွက် (4) သိန်းခွဲကျပ် + စာအုပ်ကြေး
သင်ကြားမည့်ပုံစံ : ZOOM Online Class

► ယခု အတန်းအား တက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Google Form လျှောက်လွှာအား ဖြည့်စွက်ကာ စာရင်းသွင်းအပ်နှံနိုင်ပါသည်။
► Google Form Link : https://forms.gle/CkWwfun1ercN6Zyg6

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုသည်များနှင့် မေးမြန်းစုံစမ်းလိုသည်များကို -
➡️ MAJA Education Centre ၏ ရုံးဖုန်း (09 428 613 848) သို ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Viber မှ တဆင့်မေးမြန်း၍ဖြစ်စေ စုံစမ်းနိုင်ပါသည်။ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့ : မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း)

► Campus Address : အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်မြို။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)



 2026-05-08 00:00:00
မကြာမီ ဖွင့်လှစ်တော့မည့် N3 Vocab, Kanji, Grammar (၃) လပြတ် အတန်း
visitors :      273,409