ရုံးခန်းလိပ်စာ ပြောင်းရွှေ့ဖွင့်လှစ်ကြောင်း ကြေငြာခြင်း (မန္တလေးရုံးခန်း)
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၏ မန္တလေးရုံးခန်းအား ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ပါသောကြောင့် ၁၇.၈.၂၀၂၆ ရက်နေ့ (တနင်္လာနေ့) တွင် ရုံးပိတ်မည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
၁၈.၈.၂၀၂၆ ရက်နေ့ (အင်္ဂါနေ့) မှစ၍ ရုံးခန်းအသစ်၏ အောက်ဖော်ပြပါလိပ်စာသစ်တွင် ဝန်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။
"အမှတ် (၂၇၀) ၊ ၆၂ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။"
Google Maps Link: https://maps.app.goo.gl/y6UKUpKgnXVDgt8G9
ဝန်ဆောင်မှုများ
- JLPT အောင်လက်မှတ်ထုတ်ယူခြင်း
- EJU စာမေးပွဲလျှောက်လွှာတင်ခြင်း
- TOP J စာမေးပွဲရလဒ်ထုတ်ယူခြင်း
- အသင်းဝင်ခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်း
ဖွင့်ရက် ။ ။ တနင်္လာနေ့ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။
နံနက် ၉း၀၀ နာရီမှ ညနေ ၄း၃၀ နာရီထိ (ထမင်းစားချိန် နေ့လယ် ၁၂း၀၀ နာရီ မှ ၁း၀၀ နာရီထိ ခေတ္တနားပါသည်။)
ဖုန်း/ Viber ။ ။ ၀၉ - ၂၅၅ ၁၆၂ ၅၃၃
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
