မန္တလေးရုံးခန်းသစ် ဖွင့်လှစ်ခြင်း
📢 မန္တလေးမြို့မှာ မာဂျာ ရုံးခန်းသစ် ရောက်ရှိလို့လာပါပြီ ! ✨
🎉 မာဂျာ (Maja) မန္တလေးရုံးခန်းသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အထူး EJU ပညာဒါန စာသင်ဝိုင်းကြီး 🎉
မာဂျာ (MAJA) ရဲ့ မန္တလေးရုံးခန်းသစ်အား အောက်ပါလိပ်စာသို့ ရွှေ့ပြောင်းဖွင့်လှစ်ထားပြီး ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ရောက်ဖို့ ပြင်ဆင်နေကြတဲ့ မန္တလာမြေမှ ကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်းတစ်ခုလည်း ယူဆောင်လာပါပြီနော်
📍 မန္တလေးရုံးခန်းသစ် လိပ်စာ : အမှတ် (၂၇၀)၊ ၆၂ လမ်း၊ ၂၆ x ၂၇ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 📍
မာဂျာရဲ့ မန္တလေးရုံးခန်းသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီဝမ်းမြောက်စရာ အထိမ်းအမှတ်နဲ့အတူ
“EJU ပညာဒါန အထူးစာသင်ဝိုင်း” ကို မန္တလာမြေမှ ကျောင်းသား/သူတွေအတွက် ရည်ရွယ်ကာ ပထမဆုံး ဖွင့်လှစ်သင်ကြားပေးသွားတော့မှာဖြစ်ပါတယ်။
❓ EJU ဆိုတာဘာလဲ။
EJU (Examination for Japanese University Admission for International Students) ဆိုသည်မှာ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားလိုသည့် နိုင်ငံတကာကျောင်းသား/သူများ၏ ဂျပန်ဘာသာစကားအရည်အသွေးနှင့် အခြေခံပညာရပ်ဆိုင်ရာ စွမ်းရည်များကို စစ်ဆေးသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဂျပန်တက္ကသိုလ်အများစုနှင့် စကောလားရှစ် လျှောက်ထားမှုများတွင် EJU ရမှတ်သည် အဓိက လိုအပ်ချက်တစ်ခုဖြစ်သည့်အတွက် ဂျပန်တွင်ကျောင်းတက်ရောက်လိုသူများ မဖြစ်မနေ ပြင်ဆင်ထားရမည့် စာမေးပွဲ ဖြစ်ပါသည်။
💡 “EJU ပညာဒါန အထူးစာသင်ဝိုင်း” အသေးစိတ်
========================================
ဂျပန်တက္ကသိုလ်ဝင်ခွင့် EJU စာမေးပွဲအတွက် လိုအပ်တဲ့ ဘာသာရပ်များကို စနစ်တကျ ပြင်ဆင်နိုင်ဖို့ (အခမဲ့) သင်ကြားပေးသွားမယ့် ပညာဒါန စာသင်ဝိုင်းဖြစ်ပါတယ်။
📚 သင်ကြားပေးမည့် ဘာသာရပ်များ
• JFL - Japanese as a Foreign Language
• Physics
• Chemistry
• Mathematics 2
⏰သင်တန်းချိန်
=============
• JFL - Japanese as a Foreign Language (Sat – 10 AM ~ 12 PM/ Sun – 14:15 PM ~ 16:15 PM)
• Physics (Sat - 14:15 PM ~ 16:15 PM/ Sun – 10 AM ~ 12 PM)
• Chemistry (Sat/Sun – 12:15 PM ~ 14:15 PM)
• Mathematics 2 (Sat/ Sun – 8 AM ~ 10 AM)
🗓 သင်တန်းကာလ - (၇) လ
✅ သင်တန််းစမည့်ရက် - နိုဝင်ဘာလ (၁) ရက်
⚠️ တက်ရောက်သူများအတွက် သတ်မှတ်ချက်နှင့် စည်းကမ်းချက်များ
တက္ကသိုလ်ဝင်စာမေးပွဲတွင် “အမှတ်ပေါင်း ၄၅၀ နှင့်အထက် (သို့) ၄ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသူများ” သာ တက်ရောက်နိုင်ပါသည်။
လိုအပ်သည့် သင်ထောက်ကူ စာရွက်စာတမ်းဖိုးသာ ပေးသွင်းရမည်။
Japanese As A Foreign Languages (JFL) ဘာသာရပ် တက်ရောက်ရန် ဂျပန်စာ N3 ပြီးထားရန်လိုအပ်ပါသည်။
ယခု “EJU ပညာဒါန အထူးစာသင်ဝိုင်း” အား တက်ရောက်ရန် လျှောက်ထားလိုပါက အောက်ပါ Google Form မှတဆင့် (၁၆.၁၀.၂၆) ရက်နေ့ နောက်ဆုံးထားကာ စာရင်းသွင်းလျှောက်ထားနိုင်ပါသည်။
Google Form : https://forms.gle/uihjfnaj7298xPxT6
❗️စာသင်ဝိုင်းနေရာ ဦးရေ ကန့်သတ်ထားသဖြင့် “တစ်ဘာသာလျှင် လူဦးရေ အများဆုံး (၂၅) ဦး” ထိသာ ခေါ်ယူလက်ခံသွားပါမည်။ ဒါကြောင့် လူဦးရေမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းအပ်နှံဖို့လိုပါမယ်နော်❗️
📲 Phone : 09 255 162 533, 09 428 613 848
🏫 MAJA Office (Mandalay) : No.270, 62nd Street, Between 26x27, Chan Aye Thar Zan Township, Mandalay.
